Connect with us

North America

မြောက်ကိုရီးယား အား အကြမ်းဖက်မှုထောက်ပံ့ပေးနေသည့်နိုင်ငံအဖြစ် ပြန်လည်စာရင်းသွင်းရန် အမေရိကန်စဉ်းစား

အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး H.R McMasterအားတွေ့ရစဉ် (ဆင်ဟွာ

ဝါရှင်တန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်က မြောက်ကိုရီးယားနိုင်ငံအား အကြမ်းဖက်မှုကို ထောက်ပံပေးနေသော နိုင်ငံစာရင်းတွင် ပြန်လည်ထည့်သွင်းရန် စဉ်းစားနေကြောင်း နိုဝင်ဘာ ၂ ရက် ကပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး H.R McMaster က “စာရင်းသွင်းဖို့ စဉ်းစားနေတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ ဒီဆုံးဖြတ်ချက် ဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ မဟာဗျူဟာတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ယင်းစဉ်းစားဆုံးဖြတ်မှုသည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အာရှ ငါးနိုင်ငံခရီးစဉ် စီစဉ်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

McMaster က ထရမ့်၏ အာရှခရီးစဉ် ၏ အဓိကရည်ရွယ်ချက်များအနက် တစ်ခုမှာ ကိုရီးယားကျွန်းဆွယ် အတွင်း နျူကလီးယားကင်းစင်ရေးအတွက် နိုင်ငံတကာမှ ကြိုးပမ်းအားထုတ်မှုများ ပိုမိုအားကောင်းလာစေရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက ၎င်း၏ နျူကလီးယားအစီအစဉ်များ လုပ်ဆောင်နေမှုကို လျှော့ချပေးသည့်အတွက် အပြန်အလှန်အနေဖြင့် အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ် က ၂၀၀၈ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံအား အကြမ်းဖက်မှုကို ထောက်ပံပေးနေသည့် နိုင်ငံများစာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.