North America
ဖလော်ရီဒါတွင် ငြမ်းပြိုကျမှုကြောင့် ဆောက်လုပ်ရေး အလုပ်သမား ၂ဦးသေဆုံး
ဝါရှင်တန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ ဝေ့ါဒစ္စနေအပန်းဖြေကမ္ဘာ အနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် သြဂုတ် ၂၉ ရက် နံနက်အစောပိုင်းတွင် ငြမ်းပြိုကျမှုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးအလုပ်သမား ၂ဦး ၇ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
တတိယမြောက် အလုပ်သမားမှာမူ ငြမ်း၏ အစိတ်အပိုင်းတစ်ခုကို လှမ်းဆွဲနိုင်ခဲ့ပြီး ဘေးလွတ်ရာသို့ တက်ရောက်နိုင်ခဲ့၍ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း Orange စီရင်စု မီးသတ်ကယ်ဆယ်ရးဌာနက တွစ်တာတွင် ရေးသားခဲ့သည်။
ယင်းမတော်တဆမှုဖြစ်ပွားချိန်၌ ယင်းအလုပ်သမားများသည် ၂၀၁၉ခုနှစ်တွင် ဖွင့်လှစ်မည့် ဟိုတယ်သစ်တခု၏ ခြောက်လွှာ နှင့် ၇လွှာအကြား တွင်အလုပ်လုပ်နေကြောင်း သိရသည်။
မီးသတ်ကယ်ဆယ်ရေး တာဝန်ရှိသူများက ငြမ်းပေါ်မှ ပြုတ်ကျသူများသည် အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
ရဲတပ်ဖွဲ့က မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)