Connect with us

North America

အမေရိကန်နိုင်ငံ ဗားမောင့်ပြည်နယ်တွင် လူ ၃ ဦးလိုက်ပါလာသော ဂလိုက်ဒါ ပျက်ကျ

ဂလိုက်ဒါတစ်စင်း ပျံသန်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ တောင်ထူထပ်သော ဗားမောင့်ပြည်နယ်တွင် လူ ၃ ဦး လိုက်ပါလာသော ဂလိုက်ဒါ (Glider) တစ်စင်း သြဂုတ်လ ၂၉ ရက်က ပျက်ကျခဲ့ကြောင်း ဒေသခံမီဒီယာက သတင်ဖော်ပြခဲ့သည်။

အဆိုပါ လူ ၃ ဦး၏ အခြေအနေအား မသိရသေးပေ။ ဂလိုက်ဒါ၏ အပျက်အစီးများကို တွေ့ရှိခဲ့ရကြောင်း၊ ထိုနေရာသို့ရောက်ရှိရန် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသမားများ လုပ်ဆောင်နေကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

သတင်းများအရ အဆိုပါ ဂလိုက်ဒါသည် ပြည်နယ်လေဆိပ် Morrisville-Stowe မှ မွန်းတည့်ချိန်မတိုင်မီ ထွက်ခွာခဲ့ပြီး အမြင့်ဆုံးနေရာသို့ မိနစ် ၂၀ ခန့်ရောက်သွားပြီးနောက် အဆက်အသွယ်ပြတ်သွားခဲ့ကြောင်း၊ ထို့နောက် ၂ နာရီကြာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.