တီဟီရန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်အတွက် လိုအပ်သောရေနံများကို ဈေးနှုန်းတည်တည်ငြိမ်ငြိမ် နှင့် ရောင်းချရန် အသင့်ရှိကြောင်း အီရန်အမျိုးသားရေနံကုမ္ပဏီ (NIOC) အကြီးအကဲက မတ် ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း အီရန် အစိုးရသတင်းဌာန IRNA က ဖော်ပြခဲ့သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ တံခါးဖွင့်ဝါဒသည် “ယန်ဇီမြစ်နှင့် မြစ်ဝါမြစ်များ၏ ရေစီးကြောင်းက ပြောင်းပြန်စီးဆင်းမှာ မဟုတ်သကဲ့သို့” ပြောင်းလဲမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၁၁ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံ ခေါင်းဆောင်များကြား တွေ့ဆုံမှုရှိနိုင်ကြောင်း ရုရှား သမ္မတ၏ ပြန်ကြားရေးဝန်ကြီး Dmitry Peskov က မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နှင့် G7 တို့က ထိုနေ့တွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံဆောင်ရွက်သွားမည်ဟု...
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ကုသမှုခံယူနေရသော ကျောင်းသား/ကျောင်းသူများ အတွက် ဆေးရုံစာဖြေဌာန ၃ ခု ဖွင့်လှစ်ပေးရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှ သိရသည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု နှစ်နိုင်ငံလုံးနှင့် ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးရှိစေကြောင်း၊ နှစ်နိုင်ငံကြား ဆွေးနွေးမှုများနှင့် ဆက်သွယ်မှုများ ပိုမိုဆောင်ရွက်သွားသင့်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၁၁ ရက်က ပြောကြားခဲ့သည်။