ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ (၄၆.၅%) သည် ကလေးသူငယ်နှင့်လူငယ်လူရွယ်များဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကလေးသူငယ်နှင့်လူငယ်လူရွယ် (၂၄.၅) သန်းနှင့်၂၀၄၄ခုနှစ်တွင်(၂၃.၁)သန်းသာရှိမည် ဟု ခန့်မှန်းထားကြောင်း ကလေးသူငယ် နှင့် လူငယ်လူရွယ်အကြောင်းအရာ သုတေသနစာတမ်းတွင် ပါရှိသည်။
ဘူဂျန်ဘူရာ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ဘူရွန်ဒီနိုင်ငံ အလယ်ပိုင်း ကာရူစီပြည်နယ် တွင် အောက်တိုဘာ ၁၀ ရက် က ဆီတင်ကားတစ်စီးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘူရွန်ဒီရဲတပ်ဖွဲ့က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
တိုကျို ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ဂျပန် နိုင်ငံ သတင်း မီဒီယာ များ ၏ ဖော်ပြချက်အရ အောက်တိုဘာ ၁၁ ရက်နေ့၌ အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်း သည် အိုကီနာဝါ ခရိုင် မြောက်ပိုင်းဒေသတွင် ဆင်းသက်စဉ်...
ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင် ပြည်နယ် အတွင်း ရေရှည်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အနက် ဦးစားပေး လုပ်ငန်းများအား ရခိုင် ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ချမှတ်ပေးခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရေပိုင်နက်ဖြစ်သော တောင်တရုတ်ပင်လယ်အတွင်း Xisha ကျွန်းစုကမ်းရိုးတန်းရေပြင်သို့ အမေရိကန် စစ်သင်္ဘော တစ်စင်းက အခွင့်မရှိဘဲ ဖြတ်ကျော်ဝင်ရောက်ခြင်းအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။