Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၈ ဦးတွေ့ရှိ ၊ လူနာနှစ်ဦးထပ်မံသေဆုံး

ရန်ကုန်မြို့၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးကကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန် အချက်အလက် ရယူနေသည်ကိုစက်တင်ဘာ ၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးချက်များအရအတည်ပြုလူနာသစ် ၉၈ ဦးတွေ့ရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာနှစ်ဦးသေဆုံးခဲ့ကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက်ပိုင်းထုတ်ပြန်မှုအရသိရသည်။ 

ယခုတွေ့ရှိခဲ့သည့် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၈ သည် ရန်ကုန်တိုင်းဒေသကြီးမြို့နယ် ၁၀ မြို့နယ်မှ ၉၃ ဦး ၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှ တစ်ဦး ၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ တစ်ဦး ၊ ပဲခူးတိုင်းဒေသကြီးကဝ ၊ မိုးညိုမြို့နယ်တို့မှ နှစ်ဦးနှင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ တစ်ဦးတို့ ဖြစ်ကြောင်းသိရသည်။ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများအနက် ဝေဘာဂီအထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၅၁)နှစ်အရွယ် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအမျိုးသားတစ်ဦး (Case – 885) သည် ယနေ့ စက်တင်ဘာ ၉ ရက် ၊ နံနက် ၃ နာရီခွဲတွင် ရုတ်တရက်နှလုံးရပ်ခြင်း၊ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။ 

ထို့အတူသင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီး၊ရန်ကုန်မြို့တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက်(၅၇)နှစ်အရွယ် ဆီးချို၊ သွေးတိုးရောဂါအခံရှိသူအမျိုးသမီးတစ်ဦး၊ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case – 1692) သည် ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် စက်တင်ဘာ ၇ ရက် ၊ ညနေ ၄ နာရီ ၅ မိနစ်တွင် သေဆုံးခဲ့ကြောင်းသိရသည်။ ယခုအခါတွင် မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၁,၈၀၇ ဦးရှိပြီး သေဆုံးသူပေါင်း ၁၂ ဦးထိရှိလာကြောင်းသိရသည်။ 

COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် စက်တင်ဘာ ၈ ရက်အတွက် စုစုပေါင်းဓာတ်ခွဲနမူနာ ၃,၃၁၇ ခုအားစစ်ဆေးခဲ့ပြီးလူနာသစ် ၁၉၇ ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၄၆၀) ဦးအားဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။ (Xinhua)