တီဟီရန်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အရှေ့တောင်ပိုင်း Sistan and Baluchestan ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က အသေခံကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၂၀ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ရာဘတ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ အာဏာပိုင်များသည် နိုင်ငံမြောက်ပိုင်း Tetouan မြို့ တွင် ဆေးခြောက် ၁.၉၂တန်အား ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့ အနောက်တောင်ဘက် နာရိုင်နာစက်မှုဇုံ၌ ဖေဖော်ဝါရီလ ၁၄ ရက်နံနက်တွင် မီးလောင်မှုကြီး ဖြစ်ပွားခဲ့ရာ မီးသတ်ကား ၂၆ စီး ဖြင့် မီးငြှိမ်းသတ်လျက်ရှိကြောင်း သတင်းများအရ သိရသည်။
မော်စကို ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားအစိုးရ နှင့် ၎င်း၏တပ်ဖွဲ့ကို ကူညီရန် အရာအားလုံး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဆာဂျီလဗ်ရော့ဗ်(Sergei Lavrov) က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) အန္တာတိကတိုက်တွင် သုတေသနပြုလုပ်လျက်ရှိသည့် တရုတ်နိုင်ငံသားသုတေသီများက တရုတ်လူမျိုးများအားလုံး ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေကြောင်း နှစ်သစ်ကူးဆုတောင်းစကားပြောကြားခဲ့သည့် video ဖိုင်ကို ဆင်ဟွာသတင်းဋ္ဌာနမှတင်ဆက်ခြင်းဖြစ်ပါသည်။ (Xinhua)