Connect with us

MYANMAR

ကချင် နှင့် ကယားပြည်နယ်အတွင်းရှိဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ် 

ကချင်ပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို Online အခမ်းအနားဖြင့် ကျင်းပစဉ်(ဓာတ်ပုံ - Ministry of Social Welfare, Relief and Resettlement Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) 

ကချင်ပြည်နယ် နှင့် ကယားပြည်နယ်အတွင်းရှိဂေဟာ/ရိပ်သာများသို့ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။ 

ယခုကဲ့သို့ COVID-19 ကာလတွင် ဂေဟာ/ရိပ်သာများအနေဖြင့်လည်း အခက်အခဲများကြုံတွေ့လာရနိုင်သော အခြေအနေရှိသည့် အတွက် အထောက်အကူဖြစ်စေရန် ဂေဟာ/ရိပ်သာများတွင် စောင့်ရှောက်ထားသူများအား စားစရိတ် ထောက်ပံ့ပေးသည့်အနေဖြင့် ငွေကြေးတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်က Online အခမ်းအနားဖြင့် ကျင်းပသည့် ထောက်ပံ့ငွေများပေးအပ်ခြင်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများသို့ နှစ်စဉ်ထောက်ပံ့ကြေးများထောက်ပံ့ပေးလျက်ရှိကြောင်း ၊ ယခုအခါတွင်လည်း COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရဂေဟာ/ ရိပ်သာများသို့ ငွေကြေးတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ၊ လူမှုဝန်ထမ်းဦးစီးဌာနသည် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုရပ်ရွာအတွင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများ၊ ဘိုးဘွားရိပ်သာများစသည်ဖြင့် မိမိတို့၏ စေတနာ၊ သဒ္ဒါတရားထက်သန်စွာဖြင့် ကိုယ့်အားကိုယ်ကိုးဖွဲ့စည်းတည်ထောင်မှုကိုနိုင်ငံတော်မှ အသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဦးစီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာကူညီပေးခြင်းများပါ ဆောင်ရွက်ပေးနေကြောင်းဒုတိယဝန်ကြီးဦးစိုးအောင်ကထည့်သွင်းပြောကြားခဲ့သည်။

COVID-19 ကာလစီးပွားရေးကုစားမှုအစီအစဉ်(CERP)အရလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အရထိခိုက်လွယ်အုပ်စုများဖြစ်သောကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ထောက်ပံ့ရန်လိုအပ်သောအမျိုးသမီးဦးဆောင်သောအိမ်ထောင်စုများ၊ မသန်စွမ်းသူများ၊ သက်ကြီးဘိုးဘွားများ၊တိုက်ပွဲရှောင်မိသားစုများအားထောက်ပံ့ ပေးသည့် အစီအစဉ်များဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ (Xinhua)