နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အကုန်တွင် ရန်ကုန်-မော်လမြိုင်လမ်း၌ ခေတ်မီ ရထား စက်ခေါင်းများ အသုံးပြု ပြေးဆွဲပေးရန် စီစဉ်လျက်ရှိသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
တိုကျို၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ဂျပန်ဂျက်တိုက်လေယာဉ် တစ်စင်းသည် ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက လေ့ကျင့်ပျံသန်းမှု တစ်ခု ပြုလုပ်နေစဉ်အတွင်း ပျက်ကျခဲ့သော်လည်း လေယာဉ်ဝန်ထမ်း ၂ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
အော့တိုဝါ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ Halifax မြို့တွင် ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းက နေအိမ်တစ်လုံးမီးလောင်မှုကြောင့် ကလေးငယ် ၇ဦးသေဆုံးသွားခဲ့ကြောင်း CBC သတင်းဌာနက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း၊ HONDA(Myanmar) အထပ်သားစက်ရုံ မီးလောင်မှုကြောင့် ဖေဖော်ဝါရီ ၂၀ရက်ထိ လူ ၆ဦးသေဆုံးကာ ၁၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကာရာကပ်စ်၊ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား စစ်ဘက်ဆိုင်ရာက ပြည်ပအင်အားစုများ၏ အမိန့်ကို ဘယ်တော့မှ လက်ခံမည် မဟုတ် ကြောင်း ဗင်နီဇွဲလား ကာကွယ်ရေး ဝန်ကြီး Vladimir Padrino Lopezက ဖေဖော်ဝါရီ ၁၉ ရက်တွင် အလေးအနက်ထားပြောကြားခဲ့သည်။