ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ခေတ်မီနည်းပညာများ စက်ကိရိယာများကို အသုံးပြုကာ လမ်းများ တည်ဆောက်လျှက်ရှိ ရာ လုပ်သားအင်အားကိုလျှော့ချနိုင်ပြီး အချိန်ကုန်သက်သာစေသည့် အကျိုးကျေးဇူးများရရှိစေသည်။ ယခု video မှာ ခေတ်မီနည်းပညာများကိုအသုံးပြု ကာ လမ်းတည်ဆောက်ခြင်းကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ (Xinhua)
ဖနွမ်းပင်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 တိုက်ဖျက်ရာတွင် အကူအညီဖြစ်စေရန် ဗိုင်းရပ်စ်ပိုး အလျင်အမြန်စမ်းသပ် ကိရိယာ ၂၀,၀၀၀ အား မတ် ၂၈ ရက်တွင် တရုတ်နိုင်ငံက ထပ်မံလှူဒါန်းခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် ပြေးဆွဲ နေသည့် YBS ယာဉ်လိုင်းများအနေဖြင့် ခရီးသည်များ COVID-19 ရောဂါကူးစက်မှုမရှိစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆင်ဟွာကို မတ် ၂၈ ရက်တွင်ပြောသည်။
အယ်လ်ဂျီးယားစ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပျံ့နှံ့မှု တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏ ကူညီမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဆေးဘက်ဆိုင်ရာအကူအညီများ တင်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် မတ် ၂၇ ရက်က အယ်လ်ဂျီးယားစ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၂၈ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ Johns Hopkins တက္ကသိုလ် ၏ ထုတ်ပြန်ကြေညာချက် အရ မတ်လ ၂၇ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း ဒေသစံတော်ချိန် ၁၇ နာရီ ၄၀ မိနစ် အချိန်တွင် အမေရိကန်နိုင်ငံ...