Africa & Middle East5 years ago
ယီမင်အစိုးရတပ်နှင့် ဟူသီလက်နက်ကိုင်တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှု ကြောင့် လူ ၄၀ သေဆုံး
ဆာနား၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံအနောက်ပိုင်း Al Hudaydahပြည်နယ် နေရာအနှံ့တွင် အစိုးရတပ်နှင့် ဟူသီလက်နက်ကိုင် တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားသောကြောင့် လူ ၄၀ သေဆုံးပြီး ဒဏ်ရာရသူ ဒါဇင်နှင့်ချီရှိ ကြောင်း ယီမင်ဒေသခံ ကျန်းမာရေးအရာရှိတစ်ဦးက ဇွန်လ ၁၀ ရက်တွင် ပြောကြားခဲ့သည်။