ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဒီဇင်ဘာ ၂၆ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၂၂ ဦး ရှိရာ...
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများရှိနေဆဲဖြစ်သော်လည်း ရှန်ဟိုင်းမြို့နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အကြား ကုန်သွယ်မှုသည် ယခုနှစ်တွင် ဆက်လက်အားကောင်းဆဲဖြစ်ကြောင်း ရှန်ဟိုင်းအကောက်ခွန်ဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
ဟူးဟောက်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံတွင် ထုတ်လုပ်သော C919 ခရီးသည်တင်လေယာဉ်ကြီးသည် နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Hulunbuir မြို့တွင် အေးသောရာသီဥတု၌ စမ်းသပ်ပျံသန်းမှုများ စတင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး COVID-19 ကပ်ရောဂါသည် မည်သည့်အချိန်တွင် ရပ်တန့်နိုင်မည်နည်း။ ဗြိတိန်တွင် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးမကြာမီမှာပင် ၎င်းနိုင်ငံတွင် ဗီဇအသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ် နောက်တစ်မျိုး ထပ်မံတွေ့ရှိခဲ့ပြန်ပြီဖြစ်သည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် မျှော်မှန်းထားသည်ထက် ပုံမှန်အခြေအနေသို့ မြန်ဆန်စွာရောက်ရှိလာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဒီဇင်ဘာ ၂၃ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၁၇ ဦး ရှိရာ...
ရှီးကျားကျွမ်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ် ထန်းဆန်းမြို့တွင် မြန်နှုန်းအမြင့်ဆုံး တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ထိ မောင်းနှင်နိုင်သော ကုန်စည်တင်ကျည်ဆန်ရထားကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပထမဆုံး ပွဲဦးထွက် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
ကာရေကပ်စ် ၊ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် COVID-19 ကပ်ရောဂါတိုက်ဖျက်ရန် တရုတ်နိုင်ငံမှ ထောက်ပံ့ကူညီပေးအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများ အပြည့်တင်ဆောင်လာသည့် ကိုးစင်းမြောက် လေယာဉ် ဗင်နီဇွဲလားနိုင်ငံသို့ ဒီဇင်ဘာ ၂၂ က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဝန်ချန်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ၏ အလေးချိန် အလယ်အလတ်အဆင့် တင်ဆောင်နိုင်သော Long March-8 သယ်ဆောင်ရေးဒုံးပျံသည် စီစဉ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဂြိုဟ်တုငါးစင်းကို တင်ဆောင်လျက် ပွဲဦးထွက်ပျံသန်းမှုကို ဒီဇင်ဘာ ၂၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း တရုတ် အမျိုးသား...
ပေကျင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံသည် ယခုနှစ် ဆောင်းရာသီနှင့် နွေဦးရာသီကာလအတွင်း အဓိကလူအုပ်စုများကို COVID-19 ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင် (NHC) တာဝန်ရှိသူက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။