Connect with us

Economy

COVID-19 သက်ရောက်မှုများကြားတွင် အာဆီယံနှင့် ရှန်ဟိုင်းအကြား ကုန်သွယ်မှု အားကောင်းဆဲ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ Lingang ဧရိယာရှိ ဆိပ်ကမ်းတစ်ခုတွင် သင်္ဘောဖြင့်တင်ပို့ရန် စောင့်ဆိုင်းနေသော ကားသစ်များကို တွေ့ရစဉ် (ဆင်ဟွာ)

 

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများရှိနေဆဲဖြစ်သော်လည်း ရှန်ဟိုင်းမြို့နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အကြား ကုန်သွယ်မှုသည် ယခုနှစ်တွင် ဆက်လက်အားကောင်းဆဲဖြစ်ကြောင်း ရှန်ဟိုင်းအကောက်ခွန်ဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ယခုနှစ် ပထမ ၁၁ လအတွင်း ရှန်ဟိုင်းမြို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယွမ် ၃၃၉.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၁.၉ ဘီလီယံခန့်) တန်ဖိုးရှိသော ကုန်စည်များ တင်သွင်းခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၆.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

တစ်ချိန်တည်းတွင် ရှန်ဟိုင်းမှ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ယွမ် ၄၃၃.၃၇ ဘီလီယံတန်းဖိုးရှိသော ထုတ်ကုန်များ တင်ပို့ခဲ့ပြီး ကပ်ရောဂါ၏ တစ်စိတ်တစ်ပိုင်းရိုက်ခတ်မှုကြောင့် ယမန်နှစ်ကထက် ၄.၁ ရာခိုင်နှုန်းကျ ဆင်းလာခဲ့ကြောင်း ရှန်ဟိုင်းအကောက်ခွန်ဌာန အဆိုအရ သိရသည်။

အိုင်စီများ (Integrated circuits) သည် ပထမ ၁၁ လ အတွင်း အာဆီယံနိုင်ငံများမှ ရှန်ဟိုင်းသို့ တင်သွင်းသည့်ကုန်စည်များတွင် အများဆုံး ကုန်စည်အမျိုးအစားဖြစ်ပြီး စုစုပေါင်းသွင်းကုန်တန်ဖိုး ယွမ် ၈၅.၆၄ ဘီလီယံရှိခဲ့သည်။ အဆိုပါ ပမာဏသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၂၀.၅ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပြီး ယခုကာလအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သွင်းကုန်တန်ဖိုး စုစုပေါင်း၏ ၂၅.၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီမှ နိုဝင်ဘာလအထိ ရှန်ဟိုင်း၏ ဒေသအတွင်း အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှန်ဟိုင်းအကြား စုစုပေါင်း ကုန်သွယ်မှု၏ ၂၇.၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

————————————

(English Version)
Trade between ASEAN, Shanghai remains strong amid COVID-19
2020-12-26 08:12:04
SHANGHAI, Dec. 26 (Xinhua) — Trade between Shanghai and the Association of Southeast Asian Nations (ASEAN) remained strong this year despite being affected by the COVID-19 pandemic, data from Shanghai Customs showed.
Shanghai imported goods worth more than 339.3 billion yuan (about 51.9 billion U.S. dollars) from ASEAN in the first 11 months of this year, an increase of 6.1 percent from the same period last year.
Meanwhile, products worth 433.37 billion yuan were exported from Shanghai to ASEAN, down 4.1 percent year on year, partly due to the impact of the pandemic, according to Shanghai Customs.
Integrated circuits were the largest category of commodities Shanghai imported from ASEAN in the first 11 months, which registered a total import value of 85.64 billion yuan. The amount represented a 20.5-percent growth over the same period last year and accounted for 25.2 percent of the total import value from ASEAN during the period.
Vietnam was Shanghai’s largest trade partner in the region from January to November, accounting for 27.4 percent of Shanghai’s total trade with ASEAN. Enditem

Aerial photo taken on June 27, 2019 shows new cars wating for shipment at a port in the Lingang area in Shanghai, east China. (Xinhua/Fang Zhe)