လျင်မြန်ထိရောက်မှုရှိသော အသက်ကယ်ဆယ်ရေး လုပ်ငန်းစဉ်။ တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ဒရုန်းများက ဆေးဝါးပစ္စည်းများကို အလွန်လျင်မြန်စွာ ပို့ဆောင်ပေးခြင်းဖြင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို အသွင်ပြောင်းပေးလျက်ရှိသည်။ ဝေဟင်မှ ပစ္စည်းပို့ဆောင်ခြင်းမှာ သယ်ယူပို့ဆောင်မှု ကြာချိန်ကို သုံးပုံတစ်ပုံ လျှော့ချပေးနိုင်ပြီး အပူချိန်ထိန်း စံချိန်စံညွှန်းများကို တိတိကျကျထိန်းသိမ်းထားသလို အလွန်အရေးပါသော ကုသရေးပစ္စည်းများကိုလည်း လျင်မြန်ချောမွေ့စွာ ရောက်ရှိစေသည်။ (Xinhua)...
တရုတ်နိုင်ငံမှ အရေးပေါ်ဆေးဘက်ဆိုင်ရာ ထောက်ပံပစ္စည်းများ သယ်ဆောင်လာသည့် လေယာဉ်တစ်စင်းသည် ကြောက်မက်ဖွယ် ငလျင်ဒဏ်ခံစားနေရသော ဆီးရီးယားနိုင်ငံအား ကူညီရန် ဖေဖော်ဝါရီ ၉ ရက်က ဆီးရီးယားသို့ ဆိုက်ရောက်လာခဲ့သည်။ တရုတ်ကြက်ခြေနီအဖွဲ့(RCSC) ပိုင်ဆိုင်သော အဆိုပါလေယာဉ်သည် ဒမတ်စကတ်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။ (Xinhua) ……………………………….....