ဆော်ပိုလို ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၏ အဓိက သတင်းမီဒီယာက နိုင်ငံအတွင်းရှိ ပြည်နယ်အသီးသီး မှ ကျန်းမာရေးဌာနများ၏ ထုတ်ပြန်ချက်အရကို ကိုးကား၍ ဇူလိုင် ၃ ရက်အချိန်ထိ တစ်ပတ်အတွင်း ဘရာဇီးနိုင်ငံ၌ နေ့စဉ် ပျှမ်းမျှ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူမှာ လွန်ခဲ့သည့်...
ပေကျင်း၊ ဇွန် ၃၀ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ အရှေ့ပိုင်း ဆစ်ဒနီမြို့နှင့် မြောက်ပိုင်း ဒါဝင်မြို့ကို လော့ခ်ဒေါင်းချပြီးနောက် အနောက်ပိုင်းရှိ ပါ့သ်မြို့ကို ဇွန် ၂၉ ရက်တွင် လော့ခ်ဒေါင်း (၄)ရက်ချခဲ့ရာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် Delta၏ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၉ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်မြှင့်တင်ဆောင်ရွက်လာခဲ့ရာ တနင်္လာနေ့အထိ ကိုဗစ်ကာကွယ်ဆေး ကြိမ်ရေ (၁.၂ )ဘီလီယံကျော် ထိုးနှံပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ (Xinhua) ————————————————– (English Version) Over 1.2 bln doses of...
လန်ဒန် ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ အစိုးရ ၏ ဇွန် ၂၈ ရက် ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ဗြိတိန်နိုင်ငံ၌ COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၂၂,၈၆၈ ဦးရှိပြီး ယခုနှစ်ဇန်နဝါရီလကုန်ပိုင်းမှစ၍ အမြင့်ဆုံး စံချိန်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း နှင့် ရောဂါ ကူးစက်ခံရသူ...
နယူးဒေလီ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် ဇွန် ၂၃ ရက်က ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း သန်း(၃၀)ကျော်ရှိရာ အမေရိကန်နိုင်ငံပြီးလျှင် ကူးစက်သူဦးရေ အဆိုပါ ကိန်းဂဏန်း အရေအတွက်ကို ကျော်ခဲ့သည့် နိုင်ငံဖြစ်လာခဲ့သည်။
ဂျကာတာ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားတွင် ပြီးခဲ့သည့်ရက်ကထက် ကိုဗစ်တည်ပြုလူနာ (၁၄,၅၃၆)ဦး ထပ်တိုးကြောင်း အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်တိုက်ဖျက်ရေးအေဂျင်စီက ဇွန် ၂၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့်နှစ် မတ်လမှစ၍ရေတွက်ပါက အတည်ပြုလူနာ စုစုပေါင်း (၂)သန်းကျော် ရှိလာခြင်း ဖြစ်သည်။
ဂျီနီဗာ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် “Delta”သည် လက်ရှိတွင် နိုင်ငံပေါင်း (၉၂)နိုင်ငံကို ကူးစက်ပျံ့နှံ့နေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ပညာရှင်များက ဇွန် ၂၁ ရက် ဂျီနီဗာရုံးချုပ်တွင် ပြောကြားခဲ့သည်။ ၎င်း၏ကူးစက်ပြန့်ပွားမှုသည် ပို၍အားကောင်းပြီး ကာကွယ်ဆေးထိုးနှံထားပါက “Delta” အတွက် ဖြစ်ပေါ်သည့် neutralizing antibody (CRNAb)...
ပေကျင်း၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တစ်နိုင်ငံလုံးတွင် ကိုဗစ်ကာကွယ်ဆေး သန်း(၉၀၀)ကျော် ထိုးနှံပြီးဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်၏ ဇွန် ၁၅ ရက် ထုတ်ပြန်ချက်များအရ သိရသည်။ ကာကွယ်ဆေး သန်း(၈၀၀)ကျော် ထိုးနှံထားပြီး (၆)ရက်အကြာတွင် နောက်ထပ် ကာကွယ်ဆေးသန်း(၁၀၀)ကျော် ထိုးနှံပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ကိုယ်ခံစွမ်းအားမဟာတံတိုင်းတည်ဆောက်ရန် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို...
ခတ္တမန္ဒူ၊ ဇွန် ၃ ရက်(ဆင်ဟွာ) ကိုဗစ်ကပ်ရောဂါကို တားဆီးထိန်းချုပ်ရန်အတွက် နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူမြို့တည်ရှိရာ ခတ္တမန္ဒူတောင်ကြားဒေသ၏ လော့ခ်ဒေါင်းကာလကို ထပ်မံတိုးမြင့်ရန် ဇွန် ၂ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ Kobeမြို့ တွင် ယခင်က ပြည်တွင်း၌မတွေ့ရှိရသေးသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ် တစ်မျိုးကိုတွေ့ရှိခဲ့ရာ ၎င်းမှာ ဗြိတိန်၌တွေ့ရှိခဲ့သည့် ဗီဇပြောင်းဗိုင်းရပ်စ်၏ ထပ်မံအသွင်ပြောင်းမှုဖြစ်သည်ဟု Kobeမြို့အစိုးရက ဇွန် ၁ ရက်တွင် ကြေညာခဲ့ကြောင်း NHK သတင်းများအရ သိရသည်။