နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှ ဆွေးနွေးမှု စုစည်း ချက်များကို နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းထံ ယနေ့ ညီလာခံ ပိတ်ပွဲ အခမ်းအနားတွင် ပေးအပ်လိုက်သည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) နေပြည်တော်၌ ယနေ့ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမနေ့တွင် ညီလာခံ သဘာပတိ ရွေးချယ် အတည်ပြုု ခြင်းနှင့် ညီလာခံ စည်းမျဉ်း စည်းကမ်းများ ရှင်းလင်းခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လိုသောဆန္ဒရှိသည့် တိုင်းရင်းသားများကို တပ်မတော်က ဖိတ်ခေါ်ကြိုဆိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၁၂ ရက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။