Connect with us

Politics, Law & Military

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှ ဆွေးနွေးမှု စုစည်းချက်များကို နိုင်ငံတော် ဒုတိယ သမ္မတထံ ပေးအပ်

နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းထံသို့ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှ ဆွေးနွေးမှု စုစည်း ချက်များအား ပေးအပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှ ဆွေးနွေးမှု စုစည်း ချက်များကို နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းထံ ယနေ့ ညီလာခံ ပိတ်ပွဲ အခမ်းအနားတွင် ပေးအပ်လိုက်သည်။

အဆိုပါ ညီလာခံ ငါးရက်တာ၌ ကဏ္ဍ (၅) ခုနှင့် ပတ်သက်၍ အစုအဖွဲ့အသီးသီးမှ ညီလာခံသို့ တင်ပြထားသော ဆွေးနွေးမှု စုစည်းချက် မှတ်တမ်းများကို လက်ခံ အတည်ပြုခြင်း၊ ညီလာခံသို့ အဆိုပြုချက်များ တင်သွင်းခြင်းနှင့် အတည်ပြုချက် ရယူခြင်းနှင့် ညီလာခံမှ ဆွေးနွေးမှု စုစည်းချက်များကို ညီလာခံ ကိုယ်စား ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဒုတိယ ဥက္ကဋ္ဌ (၃) ဦးမှ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ထံသို့ လွဲှပြောင်း ပေးအပ်ခဲ့ပါသည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ သို့ တက်ရောက်လာသော ကိုယ်စားလှယ်များ (ဆင်ဟွာ)

လက်ရှိ ဆွေးနွေးမှု စုစည်းချက်များသည် နောင်တက်ရောက်လာမည့် အစိုးရသစ် လက်ထက်တွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။

ပထမအကြိမ် ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒ ကိစ္စရပ်များ စသည့် ကဏ္ဍ ၅ ရပ်ကို အဓိက ဆွေးနွေးခဲ့သည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်မှ ၁၆ ရက် အထိ နေပြည်တော် MICC II ခန်းမတွင် ငါးရက်ကြာ ကျင်းပ ပြုလုပ်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117