Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမနေ့၌ ညီလာခံ သဘာပတိ အတည်ပြုခြင်းနှင့် စည်းမျဉ်း စည်းကမ်းများ ရှင်းလင်းမည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမနေ့ ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

နေပြည်တော်၌ ယနေ့ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမနေ့တွင် ညီလာခံ သဘာပတိ ရွေးချယ် အတည်ပြုု ခြင်းနှင့် ညီလာခံ စည်းမျဉ်း စည်းကမ်းများ ရှင်းလင်းခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံ ပထမနေ့တွင် အစုအဖွဲ့များမှ ရွေးချယ် တင်မြှောက်ထားသော ညီလာခံ သဘာပတိများအား အတည်ပြုခြင်း၊ ညီလာခံ ကျင်းပမည့် ပုံစံ၊ ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် အစီအစဉ်များ ရှင်းလင်း တင်ပြခြင်း၊ ညီလာခံ စည်းမျဉ်းစည်းကမ်း များကို ရှင်းလင်း တင်ပြခြင်းနှင့် အကြောင်းအရာ အလိုက် ဆွေးနွေးရန် အတွက် အကျိုးဆောင်များ သတ်မှတ်ခြင်းများ ပြုလုပ်မည် ဖြစ်သည်။

ဒုတိယနေ့တွင် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးသွားမည့် ခေါင်းစဉ် (၅) ခုကို သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဆွေးနွေးခြင်း၊ တတိယ နေ့တွင် အကြောင်းအရာများကို အုပ်စုအလိုက် ဆွေးနွေးခြင်း၊ စတုတ္ထနေ့တွင် အကြောင်းအရာများကို အုပ်စုအလိုက် ဆွေးနွေးခြင်း၊ ပဉ္စမနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ အစုအဖွဲ့အတွင်း ဆွေးနွေးခြင်းနှင့် မွန်းလွဲပိုင်းတွင် ကဏ္ဍအလိုက် ဆွေးနွေးချက်များကို ဖတ်ကြားတင်သွင်းခြင်း ပြုလုပ်မည်ဖြစ်ပြီး ယင်း ကဏ္ဍများသည် (၁) နိုင်ငံရေး (၂) လူမှုရေး (၃) စီးပွားရေး (၄) လုံခြုံရေး (၅) မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒ ကိစ္စရပ်များ ဖြစ်ပြီး ယင်းနေ့တွင် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အဆိုပြုချက်များ တင်သွင်းခြင်း ပြုလုပ်မည် ဖြစ်သည်။

ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပဉ္စမနေ့၌ ငါးရက်တာ ဆွေးနွေးချက်များကို နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြားပြီး ပိတ်ပွဲ အခမ်းအနား ကျင်းပမည် ဖြစ်သည်။

အဆိုပါ ငြိမ်းချမ်းရေး ညီလာခံ ပထမနေ့၏ ပထမပိုင်း၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ အဖွင့် မိန့်ခွန်း ပြောကြားပြီး ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တို့မှ နှုတ်ခွန်းဆက် စကား အသီးသီး ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ပြဌာန်းချက်များ အရ နိုင်ငံရေး ဆွေးနွေးပွဲများ စတင် ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (Union Peace Conference) ကို ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး ငါးရက်ကြာ ကျင်းပမည် ဖြစ်သည်။

“အစိုးရ အဖွဲ့အနေနဲ့ အကောင်းဆုံး အခြေခံ အုတ်မြစ်များကို ချမှတ် ပေးခဲ့စေလိုပါတယ်။ ဒါမှသာ နောင်ညီလာခံများဟာ ယခုထက် ပိုမိုကောင်းမွန်တဲ့ ဆောင်ရွက်မှု၊ ရလဒ်များကို ဖော်ဆောင် နိုင်မယ်လို့ ထင်ပါတယ်”ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.