ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရင်း ရှေ့သို့ဆက်လက်တိုးတက်လျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံသားများသည် အခက်အခဲနှင့် အတားအဆီးမှန်သမျှ ကျော်လွှားနိုင်သောရဲစွမ်းသတ္တိ၊ ဉာဏ်ပညာနှင့် ခွန်အားရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၅ ရက်တွင် အစိုးရလုပ်ငန်း အစီရင်ခံစာတင်ပြရာ၌ ထောက်ပြခဲ့သည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်မှုရှိစေရေး အဆင့်များစွာပါဝင်သော အစီအစဉ်ကို ပြဌာန်းသွားမည်ဖြစ်ကြောင်း အမျိုးသား ဥပဒေပြုအဖွဲ့သို့ ဆွေးနွေးရန် တင်သွင်းသော လုပ်ငန်းအစီရင်ခံစာအရ သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုခချမ်းသာပြည့်စုံရေး မြှင့်တင်ရာတွင် သစ်လွင်၍ ကြီးမားသော ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရန် နိုင်ငံတကာအသိုင်းအဝိုင်းရှိ အခြားသူအားလုံးနှင့်အတူ လုပ်ဆောင်ရန် အသင့်ရှိကြောင်း ဆွေးနွေးရန်အတွက် အမျိုးသားဥပဒေပြုအဖွဲ့သို့ တင်သွင်းခဲ့သော အစိုးရလုပ်ငန်းအစီရင်ခံစာအရ သိရသည်။ (Xinhua) …………………………………………...
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ မတ် ၄ ရက် မွန်းလွဲပိုင်း၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ် ပေကျင်း မသန်စွမ်းဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားကို မတ် ၄ ရက် ညပိုင်းက တရုတ်နိုင်ငံ အမျိုးသားအားကစားရုံတွင် ကျင်းပခဲ့သည်။
ရှန်ဟိုင်း၊ မတ် ၄ ရက်(ဆင်ဟွာ) ရေအောက်တွင် နစ်မြုပ်နေသည့် နှစ်ပေါင်း ၁၆၀ သက်တမ်းရှိသော သင်္ဘောကြီး ဆယ်ယူမှုလုပ်ငန်းကို မတ် ၃ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၎င်းမှာ ယနေ့အထိ တရုတ်နိုင်ငံ ရေအောက်တွင် တွေ့ရှိရသည့် အကြီးဆုံးနှင့် အကောင်းဆုံးထိန်းသိမ်းထားနိုင်သည့် သစ်သားသင်္ဘောကြီး ဖြစ်ကြောင်းသိရသည်။ ရေအောက်ရှိ ယင်းသင်္ဘောကြီးသည်...
ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရေးကိစ္စနှင့် ပတ်သက်၍ အနောက်တိုင်းမီဒီယာမှ တရုတ်နိုင်ငံနှင့် ဆက်စပ်ရေးသားဖော်ပြထားသည့် သတင်းအချက်အလက်များသည် အတုအယောင်ချည်းသာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်း အကျပ်အတည်းကို အစပြုသူများအနေဖြင့် ယူကရိန်းအကျပ်အတည်းအတွင်း မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ကို...
ယူကရိန်း ၊ မတ် ၃ ရက် (ဆင်ဟွာ) ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်များသည် ၎င်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယအကျော့ကို စောင့်မျှော်နေချိန်တွင် နေရာအသီးသီးမှ ဆင်ဟွာသတင်းထောက်များက ၄င်းတို့၏နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို သင့်ထံသို့ ဆောင်ကြဉ်းပေးလာမည် ဖြစ်သည်။(Xinhua) ……………………………………… English GLOBALink | On the...
ဟဲဖေ၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ၄ နှစ်ကြာနေထိုင်ခဲ့သည့် နိုင်ငံတကာမှ ကျောင်းသား သူတစ်ဦး သည် တရုတ်နိုင်ငံ၏ အခြေခံအဆောက်အဦများ တည်ဆောက်မှုစွမ်းအင်များကိုလေ့လာလျက်ရှိရာ အန်းဟွေးပြည်နယ်ရှိ ယန်ဇီမြစ်အောက်ခြေတွင် ဥမင်တူးဖော်ရေးလုပ်ငန်းခွင်သို့သွားရောက်လေ့လာခဲ့ကြောင်းသိရသည်။ (Xinhua) …………………. (English Version) GLOBALink | Vlog: Exploring...
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ် ၄ ရက် ညပိုင်း၌ အမျိုးသားအားကစားရုံတွင် ပြုလုပ်ရန် စီစဉ်ထားသော ပေကျင်း ၂၀၂၂ မသန်စွမ်းအိုလံပစ် ဆောင်းရာသီအားကစား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ...