Connect with us

China

ပေါဟိုင်ပင်လယ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ မက်ထရစ်တန်ချိန် သန်း ၃၀၀ နီးပါးရှာဖွေတွေ့ရှိ

တရုတ်နိုင်ငံ မြောက်ပိုင်း၊ ထျန်းကျင်းမြို့မှ ကီလိုမီတာ ၁၄၀ အကွာရှိ ပေါဟိုင်ပင်လယ်ပြင်၏အလယ်တွင် တည်ရှိသော Bozhong 13-2 လုပ်ကွက်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- (CNOOC)/Handout via Xinhua)

ထျန်းကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) က ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ ပေါဟိုင် ပင်လယ်တွင် အရန်ထားရှိသော ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ မက်ထရစ်တန်ချိန်ပေါင်း သန်း၃၀၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့သည်။

ထိုကဲ့သို့ စံချိန်တင်မြင့်မားရခြင်း၏ အဓိကအကြောင်းရင်းမှာ ၂၀၂၂ ခုနှစ်တွင် Bozhong 19-2 နှင့် Bozhong 26-6 ဟူ၍ ရေနံတွင်းနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့နောက်တွင် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ အရန်ပမာဏ ခန့်မှန်းခြေ ရေနံမထရစ်တန်ချိန် သန်း ၁၀၀ ကျော်ရှိသော ဧရာမရေနံမြေကြီး ဖြစ်လာသည်။

လွန်ခဲ့သည့်ငါးနှစ်အတွင်း ပေါဟိုင်ပင်လယ်ဧရိယာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့အရန်မက်ထရစ်တန်ချိန် သန်း ၁၀၀ ကျော်ရှိသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်ငါးခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းဧရိယာအတွင်း အသစ်ရှာဖွေတွေ့ရှိခဲ့သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်သည် မက်ထရစ်တန်ချိန် ၁ ဘီလီယံကျော်ရှိသည်။ (Xinhua)

………………………………..
(English Version)
Nearly 300 mln tonnes of oil, gas reserves discovered in Bohai Sea in 2022
TIANJIN, March 31 (Xinhua) — The China National Offshore Oil Corporation (CNOOC) announced that it discovered approximately 300 million tonnes of crude oil and natural gas reserves in China’s Bohai Sea in 2022.
The major reason for this record high is the discovery of two oil fields last year, namely Bozhong 19-2 and Bozhong 26-6. The latter is a massive oil field with estimated crude oil and natural gas reserves exceeding 100 million tonnes of oil equivalent.
A total of five oil fields with oil and gas reserves exceeding 100 million tonnes have been discovered in the Bohai Sea area during the past five years, while the accumulated newly discovered oil and gas reserves in the area exceeded 1 billion tonnes during this period. ■
Aerial photo taken on Feb. 21, 2021 shows the Bozhong 13-2 field, which is situated in the middle of the Bohai Sea, 140 km away from north China’s Tianjin Municipality. (CNOOC)/Handout via Xinhua)