ကိုလံဘို၊ ဧပြီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ကူညီပံ့ပိုးပေးသော ကိုဗစ်ကာကွယ်ဆေးများ မတ် ၃၁ ရက်က ကိုလံဘိုမြို့ Bandaranaikeအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ သီရိလင်္ကာနိုင်ငံသမ္မတ Gotabaya Rajapaksaဦးဆောင်သော ဝန်ကြီးအဖွဲ့က လေဆိပ်သို့ သွားရောက် ကြိုဆိုလက်ခံခဲ့ကြသည်။
ကူမင်း၊ ဧပြီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် မတ် ၃၁ ရက် ၈:၀၀ နာရီမှစ၍ တစ်မြို့လုံးလွှမ်းခြုံ အစိုးရစရိတ်ခံ Nucleic acid ဆေးစစ်မှုများပြုလုပ်မည်ဖြစ်ကြောင်း ယူနန်ပြည်နယ် ရွှေလီမြို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ညွှန်ကြားမှုအဖွဲ့က ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကူမင်း၊ ဧပြီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ မတ် ၃၁ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီ အတွင်း အသစ်ထပ်တိုး ကိုဗစ် အတည်ပြုလူနာ(၆)ဦး၊ လက္ခဏာမပြရောဂါကူးစက်သူ (၂၃)ဦး ရှိကြောင်း၊ ယင်းတွေ့ရှိမှု အားလုံးမှာ ရွှေလီမြို့တွင် ဖြစ်ကြောင်း ယူနန်ပြည်နယ်...
ပေကျင်း ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ မူအရင်းအမြစ် ခြေရာခံခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၌ ပထမဆုံး လူနာ ဖော်ထုတ် တွေ့ရှိခြင်းမတိုင်မီကတည်းက နိုင်ငံများစွာတွင် ပြန့်နှံ့နေဖွယ်ရှိကြောင်း ဖော်ပြထားဟု မီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။
ဂျီနီဗာ၊ မတ် ၃၁ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရုတ်နိုင်ငံနှင့်အတူ ဗိုင်းရပ်စ်လမ်းကြောင်းများနှင့် နိုင်ငံအရပ်ရပ်၌ နောက်ထပ် စုံစမ်းစစ်ဆေးရေးများ အပါအဝင် ကိစ္စရပ်များ ပူးတွဲသုတေသနပြုလုပ်ပြီးနောက် ကမ္ဘာ့ COVID-19 မူလအရင်းအမြစ်ခြေရာခံခြင်းဆိုင်ရာ အစီရင်ခံစာတစ်ရပ်ကို မတ် ၃၀ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ မတ် ၃၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အစိုးရက တရုတ်နိုင်ငံမှ ဝယ်ယူထားသော CanSino COVID-19 ကာကွယ်ဆေး ပထမအသုတ်သည် မတ် ၃၀ ရက် ညပိုင်းက ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဆန်ဒီယာဂို ၊ မတ် ၃၁ ရက် (ဆင်ဟွာ) ချီလီနိုင်ငံသမ္မတ Sebastian Pinera က ချီလီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထုတ် CanSino COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေး သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း မတ်လ ၃၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ရာမာလာ ၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရ မှ ပါလက်စတိုင်းအား ကူညီထောက်ပံ့ပေးသည့် Sinopharm COVID-19 ရောဂါကာကွယ်ဆေးများသည် မတ်လ ၂၉ ရက်၌ ရာမာလာမြို့သို့ရောက်ရှိခဲ့ပြီး ပါလက်စတိုင်းဆိုင်ရာ တရုတ်နိုင်ငံလုပ်ငန်းတာဝန်ခံ ကော်ဝေ နှင့် ပါလက်စတိုင်းကျန်းမာရေးဝန်ကြီး Mai al-Kaila တို့က ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့...
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထျန်းဝန်-၁ အာကာသယာဉ်မှ ရိုက်ကူးထားသော အင်္ဂါဂြိုဟ်၏ ဓာတ်ပုံအသစ်နှစ်ပုံကို မတ် ၂၆ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
မာလေး၊ မတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေး ပထမအသုတ်နှင့် ကူးစက်ရောဂါတိုက်ဖျက်ရေး အထောက်အကူပစ္စည်းများသည် မတ် ၂၄ ရက် ညပိုင်းတွင် မော်လ်ဒိုက်နိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး မတ် ၂၅ ရက်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။