ချန်ရှီး၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ချိန်တူး-ကွေ့ယန် မြန်နှုန်းမြင့် ရထားလမ်း၏ ရှီးချီမြစ်ကူးတံတားကြီးသည် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့ ဝူမုန်ဆန်းတောင်ရှိ ရှီးချီ ချောက်ကမ်းပါးကို အလျားလိုက်ချိတ်ဆက်ထားခြင်း ဖြစ်သည်။
ဘဂ္ဂဒက်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အီရတ်နိုင်ငံက COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံ၏ Sinopharm နှင့် ဗြိတိန်နိုင်ငံ၏ AstraZeneca ကာကွယ်ဆေးများကို အရေးပေါ်အသုံးပြုရန် ဇန်နဝါရီ ၁၉ ရက်က ခွင့်ပြုလိုက်ကြောင်း သိရသည်။
ဘီဂရိတ် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုးဆားဘီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Zlatibor Loncar က ဇန်နဝါရီ ၁၉ ရက်၌ တရုတ်နိုင်ငံ Sinopharm ကုမ္ပဏီ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေးအား ထိုးနှံမှုခံယူခဲ့ပြီး ဆားဘီးယားနိုင်ငံတွင် တရုတ်နိုင်ငံမှ ကာကွယ်ဆေးအား ပထမဦးဆုံး...
ရှီးချန်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မိုဘိုင်းဆက်သွယ်ရေး ဂြိုဟ်တုအသစ်တစ်စင်းကို ဇန်နဝါရီ ၂၀ ရက်က အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ခုနှစ် ကြံရာသီတွင် တရုတ်နိုင်ငံသို့ ကြံတန်ချိန် တစ်သန်းကျော် တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၀ ရက်တွင်ပြောသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၂၅ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) Davos Agenda သို့ ပေကျင်းမြို့မှနေ၍ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ...
မော်စကို၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ယုံကြည်မှုရှိသော ဆက်ဆံရေးတစ်ရပ် ထူထောင်ထားခြင်းဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် ပြည်ပခြိမ်းခြောက်မှုများကို အတူတကွ ဆန့်ကျင်နိုင်စွမ်းရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ် (Sergei Lavrov) က ဇန်နဝါရီ ၁၈ ရက်က...
ကူမင်း၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ စစ်ဆောင်ပန်နား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်းမြို့နှင့် မုန်ဟိုင်ခရိုင်ကို ချိတ်ဆက်ထားသည့် ကျင်ဟိုင် အဝေးပြေးလမ်းမကြီးကို ဇန်နဝါရီ ၁၅ ရက်က အပိုင်းခွဲ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်နိုင်မှုသည် “မုန့်ဟိုင်ခရိုင်သို့ အဝေးပြေးလမ်း မရောက်ရှိနိုင်”ဟူသော...
ပေကျင်း၊ဇန်နဝါရီ၁၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) သည် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ယွမ်ငွေ ၁၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၄၂ ထရီလီယံ) အထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည့် တရားဝင် ကိန်းဂဏန်းအများအရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ ပြည်နယ်၊ဒေသ၊မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ ဇန်နဝါရီ ၁၆ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံ၌ ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၁၀၉ ဦး ရှိရာ...