ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံက နီပေါနိုင်ငံ၏ COVID-19 ကာကွယ်ဆေး အရေးပေါ်လိုအပ်မှုကို သိရှိရကြောင်းနှင့် နီပေါနိုင်ငံအတွက် ကာကွယ်ဆေး ပထမအသုတ် ပံ့ပိုးပေးရန် ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၅ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းအား မြန်မာနိုင်ငံအတွက် သင့်တင့်လျောက်ပတ်စွာ အဖြေရှာရန် သင့်လျော်ကိုက်ညီသော ပြင်ပပတ်ဝန်းကျင်တစ်ရပ် ဖန်တီးသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၃ ရက်တွင် တိုက်တွန်း ပြောကြားခဲ့သည်။
ကျန်းကျားခို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ၂၀၂၂ ခုနှစ် ပေကျင်း အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် ဆောင်းရာသီအားကစားပွဲများ၏ ကျန်းကျားခို ပြိုင်ပွဲဇုန်အား ဇန်နဝါရီ ၁၉ ရက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုင်ရို ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး လျောင်လိချန် က ဒီဇင်ဘာ ၃၁ ရက် ၌ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မတီကိုယ်စား အီဂျစ်နိုင်ငံကျန်းမာရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး Mohamed Hassani နှင့် အတူတကွ “တရုတ်-အီဂျစ် COVID-19...
ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် ၂၀၂၁ ခုနှစ်၏ နှစ်ဆန်းပိုင်း အစောဆုံး ကာလများတွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိမည့် အခြေအနေအထိ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် နှစ်ဖက် ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်သစ်ကူး...
ရှန်ဟိုင်း ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ပွင့်လင်းမြင်သာသော အတွေးနှင့်အတူ ဖွံ့ဖြိုးမှုတိုးတက်အတွက် အိပ်မက်တစ်ခုကို ဖော်ဆောင်ရန် ကမ္ဘာတစ်ဝန်းရှိ ဒေသအသီးသီးမှ စွန့်ဦးတီထွင်သူများသည် ကောင်းမွန်သောအောင်မြင်မှုအတွက် တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ လေးညင်းပွင့်ပုံသဏ္ဍာန် အမျိုးသားပြပွဲ နှင့် ကွန်ဗင်ရှင်းစင်တာ၌ ကျင်းပပြုလုပ်မည့် တတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE) သို့ အရောက်လှမ်းခဲ့ကြမည်ဖြစ်သည်။
ရှီးချန်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှတစ်ဆင့် အဝေးထိန်းအာရုံခံစနစ်ပါသော ဂြိုဟ်တုအသစ်အုပ်စုတစ်စုကို အောက်တိုဘာ ၂၆ ရက်က အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ရှီးချန်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် အမြင်အာရုံခံစနစ်ဖြင့် အဝေးထိန်းဂြိုဟ်တုသစ်တစ်စင်းကို ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၂ ရက် ပေကျင်းစံတော်ချိန် ၀၀:၅၇ နာရီက အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း သိရသည်။
ဟောင်ကောင် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးက ဟောင်ကောင်ရဲတပ်ဖွဲ့၏ တရားဉပဒေစိုးမိုးရေး ဆောင်ရွက်ချက်များအား နာမည်ဖျက်ရန် နှင့် မဟုတ်မမှန် သိက္ခာကျဆင်းစေရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောဆိုမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နှင့် လုံးဝကျေနပ်မှု မရှိကြောင်း အောက်တိုဘာ ၄...