ပေကျင်း၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်သည် ဇွန် ၁၇ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် COVID-19 ရောဂါ တိုက်ဖျက်ရေး စည်းလုံးညီညွတ်ခြင်းဆိုင်ရာ တရုတ်-အာဖရိက ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ရာတွင် အောက်ပါအဆိုပြုချက်များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒါကာ၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရမှ စေလွှတ်သော ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ရောဂါ တိုက်ဖျက်ရေး၌ ပါဝင်ကူညီရန်ဇွန် ၈ ရက်က ဒါကာမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် လူနာများအား ဆေးကုသမှုပေးရန် နှင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရန်အတွက် နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံကြိုးပမ်းအားထုတ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း စက္ကူဖြူစာတမ်းထဲတွင် ရေးသားဖော်ပြထားသည်။
ပေကျင်း၊ ဇွန် ၇ ရက်(ဆင်ဟွာ) လူမှုအသိုက်အဝန်းရှိ အလုပ်သမားဝန်ထမ်းပေါင်း ၄ သန်းသည် တရုတ်တစ်နိုင်ငံလုံးရှိ မြို့ပြကျေးရွာ ရပ်ကွက်ပေါင်း ၆ သိန်း ၅ သောင်းတွင် ရောဂါစောင့်ကြပ်စစ်ဆေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ အဝင်အထွက်စစ်ဆေးခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ပိုးသတ်ခြင်းစသည့် ကျရာတာဝန်တွင် ကျေပွန်စွာထမ်းဆောင်လျက် ကပ်ရောဂါကာကွယ်ထိန်းချုပ် ပထမဂိတ်ကို လုံခြုံအောင် ဆောင်ရွက်ပေးခဲ့ကြကြောင်း တရုတ်နိုင်ငံ...
ပေကျင်း ၊ မေ ၂၆ ရက်(ဆင်ဟွာ) ဟောင်ကောင်အရေးသည် လုံးဝဥဿုံတရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး အမေရိကန်အနေဖြင့် ဝေဖန်ရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်း(Zhao Lijian) က မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်၊မေ ၅ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းမင်သည် မေ ၄ ရက်က တရုတ်နိုင်ငံ အစိုးရကိုယ်စားလှယ်အနေဖြင့် COVID-19 ကပ်ရောဂါ ဖြေရှင်းရေး နိုင်ငံတကာ ရန်ပုံငွေစုဆောင်းမှုဆိုင်ရာ ဗွီဒီယို အစည်းအဝေးသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အန်တန်နန်ရီဗိုလ်၊ မေ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ကူညီပေးအပ်သော ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများသည် မေ ၂ ရက်က မဒါဂတ်စကာနိုင်ငံ မြို့တော် အန်တန်နန်ရီဗိုလ် မြောက်ပိုင်း Ivatoအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
နန်ထုံး၊ ဧပြီ ၂၈ ရက်(ဆင်ဟွာ) နန်ထုံး-ရှန်ဟိုင်းရထားလမ်းသည် ကျန်းဆူးပြည်နယ် နန်ထုံးမြို့နှင့် ရှန်ဟိုင်းမြို့ကို ချိတ်ဆက်ပေးသည့် ရထားလမ်းပိုင်းဖြစ်ပြီး တရုတ်နိုင်ငံ”Eight Vertical and Eight Horizontal” ရထားလမ်းစီမံကိန်း ကမ်းရိုးတန်းရထားလမ်းကွန်ရက်၏အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ပေကျင်း၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်ခံရသည့် လူနာ ၇၆ ဦး သည် ပြန်လည် ကျန်းမာလာ၍ တရုတ်နိုင်ငံပြည်မကြီးရှိ ဆေးရုံများ မှ ဧပြီ၁၅ ရက်တွင် ဆင်းခွင့်ရသွားကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ မတ် ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် သမ္မတ ရှီကျင့်ဖိန်သည် မတ် ၂၉ ရက်တွင် ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့ကျိုးဆန်းဆိပ်ကမ်းနှင့် စက်မှုဥယျာဉ်သို့ သွားရောက်ကြည့်ရှုလေ့လာကာ လိုအပ်သည်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။