ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လာမည့်ငါးနှစ်တာကာလအတွင်း ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိနိုင်ငံများတွင် ဖလှယ်မှုများလုပ်ဆောင်ရေး၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် ပူးတွဲ သုတေသနပြုမှုများအတွက် တီထွင်ဆန်းသစ်မှုကဏ္ဍမှ လူ ၅,၀၀၀ ဦးအား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အခြားသောနိုင်ငံများနှင့် အဆင့်မြင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူစာချုပ်များအား ဆွေးနွေးညှိနှိုင်းကာ လက်မှတ်ရေးထိုးရန်ရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ဧပြီ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဧပြီ ၂၄ ရက်က ပေကျင်းမြို့မဟာပြည်သူ့ခန်းမဆောင်တွင် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)အကြီးအကဲ Christine Lagardeနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။
ကန်းစု၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုဒေသသည် တရုတ်နိုင်ငံ ၏ မြောက်ဘက်စွန်းပိုင်းဒေသတွင် တည်ရှိပြီး သဘာဝ အလှအပများနှင့် သာယာလှပလျက်ရှိသည်။ ဆင်ဟွာသတင်းဋ္ဌာနမှ တရုတ်နိုင်ငံ၏ အလှအပများကိုခြုံငုံကြည့်ရှုခြင်း အစီအစဉ်တွင် အံ့အားသင့်ဖွယ် အလှများနှင့် ကန်းစုဒေသ အဖြစ် ရိုက်ကူးတင်ဆက်ထားပါသည်။(Xinhua)
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဒူဘိုင်းမြို့၏ စတုတ္ထအကြီးဆုံး ခရီးသွားဧည့်သည် အရင်းအမြစ်ဈေးကွက် ဖြစ်လာခဲ့ကြောင်း သိရသည်။
လစ္စဘွန်း၊ ဧပြီ ၄ ရက်(ဆင်ဟွာ) ပေါ်တူဂီ နိုင်ငံ နှင့် နယ်သာလန် နှစ်နိုင်ငံသည် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများကို အမြဲဈေးကွက် တံခါးဖွင့် ကြိုဆိုသွားမည် ဖြစ်ကြောင်း ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ် Antonio Costa နှင့် နယ်သာလန် နိုင်ငံဝန်ကြီးချုပ်Mark Rutteက ဧပြီ ၃ ရက်က လစ္စဘွန်းမြို့တွင်...
ရန်ကုန်၊ မတ် ၃၀ ရက်(ဆင်ဟွာ) မှတ်တမ်းတင် မိုက်ခရို ဗွီဒီယို တရုတ်နိုင်ငံတွင် ကျယ်ပြန့်ဖွံ့ဖြိုးလာပုံဆိုင်ရာ ဟောပြောပွဲအား ယနေ့(မတ် ၃၀ ရက်)နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသားတစ်ဦးချင်းစီသည် ပျမ်းမျှအားဖြင့် ၂၀၁၈ခုနှစ်အကုန်တွင် ဘဏ်ကတ် ၅ကတ်ကျော် ကိုင်ဆောင်ထားပြီး ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ မှ လူအများအပြားသည် ငွေစက္ကူဖြင့် လဲလှယ်သုံးစွဲမှုမှ ကတ်စနစ်သို့ ပြောင်းလဲသုံးစွဲလာကြောင်း ဗဟိုဘဏ်၏ အစီရင်ခံစာတစ်ခုအရသိရသည်။
နန်နင်း၊ မတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တုံရှင်းမြို့နှင့် ဗီယက်နမ်နိုင်ငံ မုံချိုင့်မြို့တို့အား ချိတ်ဆက်ထားသော နယ်စပ်ဖြတ်ကျော် တံတားသစ်အား မတ်လ ၁၉ ရက်က တရားဝင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၆ ရက်(ဆင်ဟွာ) စီးပွားရေးကဏ္ဍအပေါ် ဖိအားများ တိုးမြင့်လာနေလင့်ကစား တရုတ်နိုင်ငံသည် လူမှုရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်း၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြိုးပမ်းအားထုတ်ခြင်းကို မဆုတ်မနစ်သောဇွဲ နှင့် အာရုံစူးစိုက်မှုအပြည့်ဖြင့်ကမ္ဘာကြီးကို အာမခံပြောကြားအသိပေးလျက်ရှိသည်။