လာပါဇ်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ အထူးသဖြင့် အလွယ်တကူ ပိုမိုကူးစက်နိုင်ပြီး ပိုမိုသေဆုံးနိုင်သော ဘရာဇီးဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးရန် ဘရာဇီးနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ကို နောက်ထပ် ၇ ရက် ပိတ်ထားရန် ဆုံးဖြတ်လိုက်ကြောင်း ဧပြီ ၉ ရက်က သိရှိရသည်။
ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်၏ မူလအရင်းအမြစ်ကို လေ့လာရန်အတွက် မူရင်းအချက်အလက် ပံ့ပိုးပေးခြင်းမရှိဟူသော ပြောဆိုချက်သည် ခိုင်လုံမှုမရှိကြောင်း အဆင့်မြင့်ကျွမ်းကျင်သူတစ်ဦးက မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်ပညာရှင်များသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် မူလအရင်းအမြစ်ကို ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနည်းကျ သုတေသနပြုလေ့လာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဝူဟန့်မြို့တွင် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုမှာ ပြီးစီးသွားပြီဖြစ်ကြောင်း WHO-တရုတ် ပူးတွဲသတင်းစာရှင်းလင်းပွဲအရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နိုင်ငံတကာကျွမ်းကျင်သူများအဖွဲ့သည် တရုတ်နိုင်ငံ ဝူဟန့်မြို့သို့ ဇန်နဝါရီ ၁၄ ရက်၌ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဘရာဇီးလီးယား၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် ပထမအကြိမ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စမ်းသပ်တွေ့ရှိပြီး တစ်ပတ်ခန့်အကြာ၌ ဒုတိယအကြိမ် စစ်ဆေးမှုထပ်မံပြုလုပ်ခဲ့ကြောင်း ဇူလိုင် ၁၅ ရက်က အတည်ပြုပြောကြားခဲ့သည်။
ဘာစီလိုနာ၊ စပိန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) စပိန်နိုင်ငံတွင် ဩဇာတိက္ကမကြီးမားသော တက္ကသိုလ်များအနက် တစ်ခုဖြစ်သော ဘာစီလိုနာတက္ကသိုလ်ရှိ သုတေသီများက ၂၀၁၉ ခုနှစ် မတ် ၁၂ ရက်က စုဆောင်းရယူခဲ့သည့် စွန့်ပစ်ရေနမူနာများ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း ယင်းတက္ကသိုလ်က ဇွန် ၂၆ ရက်တွင်...
စခရာမန်တို၊ ဧပြီ ၁၁ ရက် မတ်လအစောပိုင်းက အမျိုးသားတစ်ဦး ၎င်း၏နေအိမ်၌ သေဆုံးနေသည်ကို တွေ့ရသည်။ အမျိုးသမီးတစ်ဦးသည်လည်း ဖေဖော်ဝါရီလလယ်ပိုင်းက ဖျားနာခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။
ဝူဟန် ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် ဧပြီ ၆ ရက်၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုအသစ် မရှိကြောင်း ဟူပေ ကျန်းမာရေးကော်မရှင်က ဧပြီ ၇ ရက်၌ ပြောကြားခဲ့သည်။
ဟန်ကျိုး၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် COVID-19 တုန့်ပြန်ရေးတွင် လတ်တလောနှင့် ကာလရှည်အတွက် ပြင်ပမှဝင်ရောက်လာသော ရောဂါဖြစ်ပွားမှုကာကွယ်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဧပြီ ၁ ရက်တွင် ပြောကြားလိုက်သည်။
ဘာလင်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲသည် COVID-19 ရောဂါပိုးကူးစက်ခံထားရသော ဆရာဝန်တစ်ဦးနှင့် မတ် ၂၀ ရက်က တွေ့ဆုံခဲ့ပြီးနောက် ၎င်းကိုယ်တိုင် တစ်ကိုယ်ရေသီးခြားနေထိုင်လျက်ရှိကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် စတက်ဖန် စိုင်းဘတ် (Steffen Seibert) က မတ် ၂၂ ရက်တွင်...