ရှန်ဟိုင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်း၌ တည်ဆောက်ထားသော အပျော်စီးပင်လယ်ကူးသင်္ဘောကြီးသည် ရေမိုင် ၁,၁၁၉ မိုင်ခရီးကို အချိန် ၇ ရက်နှင့် ၆ ညတာ ခရီးနှင်ပြီးနောက် ဇန်နဝါရီ ၇ ရက်က စီးပွားဖြစ် ပွဲဦးထွက်ရေကြောင်းခရီးစဉ် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထျန်းကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) မြေထဲပင်လယ်ဒေသပုံစံ ဒီဇိုင်း၊ ကမ္ဘာ့စားသောက်ဖွယ်ရာနှင့် ခမ်းနားသော ဖက်ရှင်ဆိုင်များ အပြင်အဆင်များဖြင့် ပင်လယ်ကူး အပျော်စီးသင်္ဘောကြီး “Mediterranea” သည် ဂျပန်နိုင်ငံ ဆာဆယ်ဘိုမြို့နှင့် ဖူကူအိုကာမြို့သို့ ခရီးပြုရန် တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့မှ စက်တင်ဘာ ၃၀ ရက်က ထွက်ခွာလာခဲ့သည်။