Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းထုတ် အပျော်စီးပင်လယ်ကူးသင်္ဘောကြီး စီးပွားဖြစ် ပွဲဦးထွက်ရေကြောင်းခရီးစဉ်ပြီးဆုံး

ရှန်ဟိုင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်း၌ တည်ဆောက်ထားသော အပျော်စီးပင်လယ်ကူးသင်္ဘောကြီးသည် ရေမိုင် ၁,၁၁၉ မိုင်ခရီးကို အချိန် ၇ ရက်နှင့် ၆ ညတာ ခရီးနှင်ပြီးနောက် ဇန်နဝါရီ ၇ ရက်က စီးပွားဖြစ် ပွဲဦးထွက်ရေကြောင်းခရီးစဉ် ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။ခရီးသည် ၃,၀၀၀ ကျော်တင်ဆောင်ထားသော Adora Magic City သင်္ဘောကြီးသည် ရှန်ဟိုင်း Wusongkou နိုင်ငံတကာပင်လယ်ကူးသင်္ဘောဆိပ်ကမ်းမှ ဇန်နဝါရီ ၁ ရက်က ထွက်ခွာသွားခဲ့ပြီး Wusongkou ဆိပ်ကမ်းသို့ ပြန်လည်မရောက်ရှိမီ တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်း၊ Seogwipo မြို့နှင့် ဂျပန်နိုင်ငံမြို့များဖြစ်သော နာဂါဆာကီနှင့် ဖူကူအိုကာတို့ရှိ ဆိပ်ကမ်းများ၌ ရပ်နားခဲ့သည်။

အလျား ၃၂၃.၆ မီတာရှည်လျားသော Adora Magic City သင်္ဘောသည် ကုန်စည်အလေးချိန် ၁၃၅,၅၀၀ တန်ရှိပြီး စုစုပေါင်း ဧည့်သည်အခန်း ၂,၂၁၅ ခန်း၌ ခရီးသည် ၅,၂၄၆ ဦးအထိ တင်ဆောင်နိုင်ကြောင်း သင်္ဘောကြီးအား တည်ဆောက်သူ China State Shipbuilding Corporation (CSSC) Shanghai Waigaoqiao Shipbuilding ကုမ္ပဏီလီမိတက်ထံမှ သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း Dunhuang အကယ်ဒမီမှ ကျွမ်းကျင်ပညာရှင်များက သင်ခန်းစာလေးခု ပို့ချခဲ့ပြီး Dunhuang လိုဏ်ဂူများအနုပညာကို သရုပ်ဖော်ပြသခြင်း၊ အပျော်စီးသင်္ဘောကြီးနှင့် အကယ်ဒမီတို့မှ ပူးတွဲကျင်းပသော ဒစ်ဂျစ်တယ်ပြပွဲ မိတ်ဆက်ခြင်းများ ပြုလုပ်ခဲ့သည်။ ပျော်ရွှင်သော ပင်လယ်ပြင်ခရီးအတွင်း သင်္ဘောပေါ်၌ လိုက်ပါသွားသော ခရီးသည်များသည် Dunhuang အနုပညာလက်ရာပုံတူများကိုလည်း ကြည့်ရှုလေ့လာခဲ့ကြသည်။
Adora Magic City သင်္ဘောကြီးတွင် အထပ် ၁၆ ထပ်နှင့် အများပြည်သူဆိုင်ရာနေရာနှင့် အပန်းဖြေနေရာ စတုရန်းမီတာ ၄၀,၀၀၀ ရှိကြောင်း သိရသည်။ထိုသင်္ဘောကြီးကို CSSC Cruise Technology Development ကုမ္ပဏီလီမိတက်နှင့် Adora Cruises Limited တို့က ပူးတွဲလည်ပတ်ခြင်းဖြစ်သည်။ (Xinhua)
………………………………
China’s first homegrown large cruise ship completes commercial maiden voyage
SHANGHAI, Jan. 7 (Xinhua) — China’s first domestically-built large cruise ship finished its commercial maiden voyage on Sunday after traveling 1,119 nautical miles on the trip of seven days and six nights.
Carrying more than 3,000 passengers, the Adora Magic City set off from the Shanghai Wusongkou International Cruise Terminal on Jan. 1 and stopped at the ports in the city of Seogwipo on Jeju island, the Republic of Korea, as well as the Japanese cities of Nagasaki and Fukuoka before returning to the Wusongkou terminal.
During the voyage, experts from the Dunhuang Academy gave four lectures, demonstrating the art of Dunhuang grottoes and introducing a digital exhibition jointly organized by the cruise and the academy. While enjoying a good time at sea, guests on board could also enjoy the replicas of the artistic treasures of Dunhuang.
The Adora Magic City is 323.6 meters in length, has a gross weight of 135,500 tonnes, and can accommodate up to 5,246 passengers across a total of 2,125 guest rooms, according to its builder, the China State Shipbuilding Corporation (CSSC) Shanghai Waigaoqiao Shipbuilding Co., Ltd.
It has 16 floors and 40,000 square meters of public living and recreational space.
The cruise is jointly operated by the CSSC Cruise Technology Development Co., Ltd. and the Adora Cruises Limited.