ဝါရှင်တန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံထိပ်တန်း ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီဖော့စီ(Anthony Fauci) က အမေရိကန်နိုင်ငံအနေဖြင့် COVID-19 ကူးစက်မှုအသစ် မြင့်တက်ခဲ့ရခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မည်သည့်အခါမျှ ပိတ်ဆို့မှု မပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု CNBC သတင်းဌာနက ဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ထိပ်တန်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် အန်တိုနီဖော့စီ(Anthony Fauci) က “ နိုင်ငံရဲ့ လက်ရှိအနေအထားဟာ အမှန်တကယ် လုံးဝ အခြေအနေမကောင်းပါဘူး” ဟု ဇူလိုင် ၆ ရက်တွင် သတိပေး ပြောကြားလိုက်သည်။