မော်စကို ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) ရုရှား MiG-29 တိုက်လေယာဉ်တစ်စင်းသည် ဩဂုတ် ၁၈ ရက်က နိုင်ငံအနောက်တောင်ပိုင်း Astrakhan ဒေသ၌ ပုံမှန် ပျံသန်းမှုပြုလုပ်စဉ် ပျက်ကျသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။
မော်စကို ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံရှိ ဆေးရုံတစ်ရုံ၌ ဩဂုတ် ၉ ရက်က မြေအောက်အောက်စီဂျင်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အောက်စီဂျင်ထောက်ပံ့မှု ပြတ်တောက်သွားသဖြင့် COVID-19 လူနာ ၉ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံ ၏ ပြည်နယ်ခွဲတစ်ခုဖြစ်သော the Republic of...
ရင်ချွမ်း ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ခုဖြစ်သည့် ZAPAD/INTERACTION-2021 စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ ပေါင်းစည်းလက်နက်ကိုင်တပ်ဖွဲ့ နည်းဗျူဟာမြောက် လေ့ကျင့်ရေးစခန်း၌ ဩဂုတ် ၉ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ...
ရင်ချွမ်း ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) လေ့ကျင့်ရေးစခန်းတစ်ခု၌ ဩဂုတ် ၉ ရက်မှ ၁၃ ရက်အထိ တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တပ်များက ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ZAPAD/INTERACTION-2021 ဟု အမည်ပေးထားသည့်...
မော်စကို ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးအခန်းကဏ္ဍတွင် ထိတွေ့လုပ်ဆောင်မှုများရှိခဲ့ခြင်းကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် အက်စ်တိုးနီးယားနိုင်ငံသံတမန်တစ်ဦးအား မကြိုဆိုထိုက်သူ“ persona non grata” အဖြစ်ကြေညာ၍ နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း သိရသည်။
မော်စကို ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) အမေရိကန် နှင့် ဗြိတိန်နိုင်ငံတို့သည် ရုရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုဒ်ကို ပစ်မှတ်ထား၍ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံက စွပ်စွဲပြောကြားလိုက်သည်။
မော်စကို ၊ မေ ၁၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက အပြန်အလှန် လက်တုံ့ပြန်သည့်အနေဖြင့် နှင်ထုတ်သော အမေရိကန် သံတမန် ၁၀ ဦးထဲတွင် သံရုံး ပြောခွင့်ရပုဂ္ဂိုလ် ရေဗက္ကာရော့စ်(Rebecca Ross)လည်း တစ်ဦး အပါအဝင် ဖြစ်ကြောင်း RIA Novosti သတင်းအေဂျင်စီက မေ ၁၂ ရက်တွင်...
မော်စကို၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ချက်ပြည်သူ့သမ္မတနိုင်ငံက ရုရှားသံတမန် ၁၈ ဦးအား နှင်ထုတ်ခဲ့သည်ကို အပြန်အလှန် လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက ချက်သံတမန် ၂၀ ဦးကို နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၂၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergei Ryabkov က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အား နိုင်ငံရေးရည်မှန်းချက်ဖြင့် ဟိုဟိုဒီဒီတွန်းပို့မှုတစ်ခုအတွက် အသုံးမချသင့်ကြောင်း မေ ၁၉ ရက်တွင်ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၂၀၂၀ ပြည့်နှစ် မေလတွင် ရုရှားနိုင်ငံ၌ ကျင်းပမည့် စစ်အောင်ပွဲနေ့(Victory Day) စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် စဉ်းစားနေကြောင်း နှင့် အခမ်းအနားတက်ရောက်နိုင်ရန် ၎င်း၏ အလုပ်အချိန်ဇယား အဆင်ပြေမပြေ မသေချာသေးကြောင်း နိုဝင်ဘာ ၈ ရက်တွင်ပြောကြားလိုက်သည်။