ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ) ကမ္ဘာ့ဖလားပွဲမတိုင်မီ ရုရှားနိုင်ငံတွင် ကျင်းပမည့် Football for Friendship လူငယ်ဘောလုံးပြိုင်ပွဲသို့ မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီမှ မင်းခန့်သူ ဝင်ရောက်ဆင်နွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဒီဇင်ဘာလ ၁၉ရက်(ဆင်ဟွာ) ကာလလတ် မှ ကာလရှည် ရင်းနှီးမြှုပ်နှံမှု ရံပုံငွေအဖွဲ့တစ်ခုဖြစ်သည့် တရုတ်နိုင်ငံ ပိုးလမ်းမကြီး ရန်ပုံငွေ အဖွဲ့ သည် ရုရှားနိုင်ငံ သဘာဝဓါတ်ငွေ့ရည်(LNG) စီမံကိန်း ၏ ရှယ်ယာ ၉.၉ ရာခိုင်နှုန်းအား ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။