ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အိုင်အက်စ်အဖွဲ့ဝင်နှင့် သစ္စာခံ ၂၄၁ ဦးသည် အစိုးရထံ လက်နက်ချခဲ့ကြောင်း နိုဝင်ဘာ ၁၆ ရက်၌ စစ်တပ်က ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
ကဘူးလ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ မြောက်ပိုင်း တက်ခ်ဟာပြည်နယ်ရှိ အစိုးရ လုံခြုံရေးတပ်ဖွဲ့များထံ တာလီဘန်စစ်သွေးကြွ ၄၁ ဦးက လက်နက်ချခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။
ကဘူးလ်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ မိုဟာမက် ရှာရက်ဖ် ဂါနီ က တာလီဘန်စစ်သွေးကြွများအနေဖြင့် လက်နက်ချပြီး ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များအတွင်း ပါဝင်လာရန် ဇွန်လ ၂၅ ရက်က ထပ်မံ တိုက်တွန်းခဲ့ကြောင်း သိရသည်။