ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် အီရန်နိုင်ငံတွင် ဖမ်းဆီးခံနေရသည့် ကိုရီးယားရေနံတင်သင်္ဘောအမှုနှင့်ဆက်စပ်လျက် ထိန်းသိမ်းခံထားရသော မြန်မာသင်္ဘောသား ၁၁ ဦးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာသံရုံးများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆက်လက်၍ ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို က ဆင်ဟွာသို့ ဇန်နဝါရီ ၈...
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) ပြည်ပနိုင်ငံများသို့ထွက်ခွာကြမည့် မြန်မာသင်္ဘော သားအလုပ်သမားများအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ခြင်းနှင့် ဆေးလက်မှတ် ထုတ်ပေးခြင်းများကို စတင်ဆောင်ရွက်ပေးလျက် ရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်ေ္ဘာသားအလုပ်သမားများအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို မေ ၂၉ ရက်တွင်ပြောသည်။