နယူးယောက် ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုမိုး
ဝါရှင်တန်၊ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံရှိ ပြည်နယ်များနေဖြင့် (အမေရိကန်ဒေသစံတော်ချိန်) ဒီဇင်ဘာ ၁၄ ရက် (တနင်္လာနေ့)တွင် Pfizer – BioNTech COVID-19 ရောဂါကာကွယ်ဆေး ပထမ အသုတ်ကို စတင်လက်ခံရရှိမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်မီဒီယာက ဒီဇင်ဘာ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ရက် ဘာသာပြန် – ခေါန်ရိန် COVID-19 ကပ်ရောဂါမှ ပြန်လည်နာလန်ထူလာသည့် ကုန်သွယ်ရေးအချက်အလက်များအရ တရုတ်နိုင်ငံသည် ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်ရေးကို နှောင့်နှေးစေသည့်ကြားမှ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးတွင် ရှေ့ဆက်တိုးတက်လျက်ရှိကြောင်း Fortune မဂ္ဂဇင်းက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ ဝစ္စကွန်းဆင်းပြည်နယ်ရှိ အမျိုးသားသစ်တောကြိုးဝိုင်းတစ်ခုထဲသို့ ဒီဇင်ဘာ ၉ ရက်က F-16 ဂျက်တိုက်လေယာဉ်တစ်စင်းပျက်ကျခဲ့ကြောင်း နှင့် ယင်းတိုက်လေယာဉ်မှူးအား ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက် အရ သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဌ ၁၄ ဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုဟု အမည်တပ်ထားသည့် အမေရိကန်၏ လုပ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း နှင့် ခိုင်မာစွာရှုတ်ချကြောင်း ကန့်ကွက်စာတစ်စောင်ကို တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ကျန့်ကျဲကွမ်း (Zheng Zeguang)က တရုတ်နိုင်ငံရှိ အမေရိကန်သံရုံး...
မော်စကို၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ရုရှားတိုက်လေယာဉ်များက ပင်လယ်နက်ပေါ် ဖြတ်ကျော်ပျံသန်းလာသည့် အမေရိကန်နှင့်ပြင်သစ် တို့၏ ကင်းထောက်လေယာဉ်များကို ဒီဇင်ဘာ ၇ ရက်က ကြားဖြတ် ဟန့်တားခဲ့ကြောင်း ရုရှားအမျိုးသားကာကွယ်ရေး စီမံခန့်ခွဲမှုစင်တာ (NDCC)၏ ယင်းနေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ Smithsonian ၏ အမျိုးသားတိရစ္ဆာန်ဥယျာဉ်သည် တရုတ်နိုင်ငံ တောရိုင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းနှင့် ပန်ဒါကြီးမျိုး သုတေသနပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို သက်တမ်းတိုးလိုက်ကြောင်း ဒီဇင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံတွင် တစ်ရက် ထပ်တိုးအတည်ပြုလူနာ ၂ သိန်းကျော် ထပ်မံ ရှိလာခဲ့ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံတွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဆင့်ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဒီဇင်ဘာ ၆ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် နယူးယောက်မြို့ရဲတပ်ဖွဲ့ဝင်များသည် ဖောက်ခွဲရေးပစ္စည်တစ်ခုအတွက် ရုရှားနိုင်ငံမော်စကို မှ အမေရိကန်နိုင်ငံ ဂျွန်အက်ဖ်ကနေဒီ(JFK) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းဆိုက်ရောက်လာသည့် ရုရှားလေကြောင်းလိုင်း Aeroflot ၏ လေယာဉ်တစ်စင်းအား ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း Sputnik သတင်းဌာနက ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ၎င်းအနေဖြင့် သမ္မတတာဝန်ရယူပြီးနောက် ပထမရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသားများကို နှာခေါင်းစည်းတပ်ဆင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။