ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ပဲခူးမြို့ရှိ ကုန်းမြင့်ပိုင်း ရပ်ကွက်များသို့ပါ ရေများတဖြည်းဖြည်းချင်း မြင့်တက်လျက်ရှိကာ တစ်မြို့လုံးရေကြီးရေလျှံဖြစ်ပွားနေပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေသူများလည်း အလျင်မီအောင် လှေနှင့်သွားရောက် ကယ်ဆယ်လျက်ရှိသည်။“အခြေအနေက ရေကတော်တော်ကြီးတယ်ဗျ။ မကူညီနိုင်တာတွေတောင် အများကြီးရှိတယ်။ ရေကြီးတာက နှစ်စဉ်ရေကြီးနေကျပေမဲ့ ဒီနှစ်ကတော့ ရေအကြီးဆုံးနှစ်ပဲ။ မိုးများတာရယ်၊ ဆည်က ရေပိုလွှဲရေကြောင့် ရေကကြီးသွားတာပါ။...
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် (၄) ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမား ၁၆ ဦး သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးမင်းနိုင်ဦးက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၀ ရက်တွင်ပြောသည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက 《ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်ခြင်း- လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၏ အဓိကဖော်ဆောင်မှု》စက္ကူဖြူစာတမ်းကို အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထျန်းကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) မြေထဲပင်လယ်ဒေသပုံစံ ဒီဇိုင်း၊ ကမ္ဘာ့စားသောက်ဖွယ်ရာနှင့် ခမ်းနားသော ဖက်ရှင်ဆိုင်များ အပြင်အဆင်များဖြင့် ပင်လယ်ကူး အပျော်စီးသင်္ဘောကြီး “Mediterranea” သည် ဂျပန်နိုင်ငံ ဆာဆယ်ဘိုမြို့နှင့် ဖူကူအိုကာမြို့သို့ ခရီးပြုရန် တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့မှ စက်တင်ဘာ ၃၀ ရက်က ထွက်ခွာလာခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပခဲ့သည့် အာရှအားကစားပြိုင်ပွဲတွင် အားကစားပွဲအတွင်း အသေးစိတ်ကအစ စနစ်တကျရှိသည့် ကောင်းမွန်သည့်စီမံခန့်ခွဲမှုများရှိကြောင်း ရွှေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ နည်းပြချုပ် ဦးအောင်ချိုမြင့်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပါဝင်သောနိုင်ငံများအနေဖြင့် မူဝါဒညှိနှိုင်းဆောင်ရွက်မှုနှင့် အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်မှုများကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်သော စက္ကူဖြူစာတမ်းအရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သော အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။
ကင်မရွန်းနိုင်ငံ၌ မြေပြိုမှုကြောင့် သေဆုံးသူဦးရေ ၃၀ ထိ မြင့်တက် ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ ယာအွန်ဒီ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ မြို့တော် ယာအွန်ဒီ၌ အောက်တိုဘာ ၈ ရက်တွင် လူနေအိမ်များနှင့် အဆောက်အဦများ နှစ်မြုပ်သွားခဲ့သည့် မြေပြိုမှုများ ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးသမားများက...
ဝူဟန့်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြစ်ကျဉ်းသုံးသွယ်ရေကာတာ၏ ရေပြင်ညှိဆည်မှတစ်ဆင့် ကုန်စည်ဖြတ်သန်းစီးဆင်းမှုမှာ ယခုနှစ် ပထမသုံးလပတ်အတွင်း တန်ချိန် ၁၂၇ သန်းရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၀.၀၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အောက်တိုဘာ ၈ ရက် အချက်အလက်များ၌ ဖော်ပြထားသည်။