Connect with us

Sport

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် (၄) ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမား ၁၆ ဦး သွားရောက်ယှဉ်ပြိုင်မည်

၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် လေ့ကျင့်မှုများဆောင်ရွက်နေသော မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် (၄) ကြိမ်မြောက်အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမား ၁၆ ဦး သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးမင်းနိုင်ဦးက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၁၀ ရက်တွင်ပြောသည်။“၁၂ ကြိမ်မြောက် ဆီးဂိမ်းစ်မှာ ရရှိခဲ့တဲ့ ဆုတံဆိပ်နဲ့ စံချိန်တွေပေါ် မူတည်ပြီးတော့ မြန်မာ့လက်ရွေးစင် မသန်စွမ်း အားကစားသမားတွေကို ရွေးချယ်ခဲ့တာပါ။ မြန်မာနိုင်ငံက ရေကူး၊ ပြေးခုန်ပစ်၊ ဘော်လီဘော စတဲ့ အားကစားနည်းသုံးမျိုးကို ဝင်ရောက်ယှဉ်ပြိုင်မှာပါ” ဟု ဦးမင်းနိုင်ဦးကပြောသည်။

ဟန်ကျိုး အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမား အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂ ဦး၊ နည်းပြနှင့် တာဝန်ရှိသူ ၅ ဦး စုစုပေါင်း ၂၁ ဦးသွားရောက်မည်ဖြစ်ကြောင်း သိရသည်။

“ဆုတံဆိပ်ကတော့ ရွှေတံဆိပ်ရနိုင်ဖို့အထိ မျှော်မှန်းထားပါတယ်။ ရလည်းရနိုင်လောက်တဲ့ စံချိန်မှတ်တမ်းတွေ ရှိထားပါတယ်။ ကျွန်တော်တို့ ရွှေတံဆိပ်ဆုရတဲ့အထိ ဒီကစားနည်း ၃ နည်းလုံးကို ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။မြန်မာ့လက်ရွေးစင်အဖွဲ့သည် တရုတ်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရန် အောက်တိုဘာ ၁၆ ရက်တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ ထွက်ခွါမည်ဖြစ်သည်။

“အာရှရဲ့ အမြင့်ဆုံးပြိုင်ပွဲတစ်ခုကို နိုင်ငံရဲ့ ကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် လက်ရွေးစင်အားကစားသမားတွေရော၊ အားကစားသမားနည်းပြ၊ အုပ်ချုပ်သူ အကုန်လုံးက အားကြိုးမာန်တက်၊ အားသွန်ခွန်စိုက်ကြိုးစားနေတယ်။ ရွှေတံဆိပ်တွေရဖို့အထိကို ကြိုးစားပြီး ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်လျက်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.