Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သော အဖွဲ့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သော အဖွဲ့နှင့် အောက်တိုဘာ ၉ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သော အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက Chuck Schumer နှင့်အဖွဲ့ တရုတ်နိုင်ငံသို့ လာရောက်၍ မျက်နှာချင်းဆိုင် ဆွေးနွေးဖလှယ်မှုအား ကြိုဆိုကြောင်း ၊ လွှတ်တော်အမတ်များအနေဖြင့် တရုတ်နိုင်ငံအပေါ် ပို၍ မှန်ကန်စွာ ၊ ဓမ္မဓိဋ္ဌာန်ကျစွာ နားလည်ရှုမြင်ပြီး နှစ်ဖက်အကြား တည်ရှိနေသည့် ကွဲလွဲမှုများကို ပို၍ ဆင်ခြင်တုံတရား ရှိစွာ စီမံထိန်းချုပ်နိုင်ကာ တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ရာတွင် အပြုသဘော အခန်းကဏ္ဍမှ ပါဝင်စေလိုကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ကမ္ဘာသည် လှိုင်းထန်သည့် အပြောင်းအလဲကာလ ဖြစ်ရာ ယူကရိန်း အကျပ်အတည်း စစ်မက်မီးလျှံ ရပ်တန့်မှုမရှိခြင်း၊ အရှေ့အလယ်ပိုင်းဒေသတွင် စစ်မက်မီးခိုး စတင်နေခြင်း၊ အာဖဂန်နစ္စတန်တွင် မြေငလျင်ကြောင့် လူထောင်ချီ အသက်ဆုံးရှုံးခဲ့ခြင်းများ ရှိကြောင်း ၊ ထိုစိန်ခေါ်မှုများကို နိုင်ငံတကာ အသိုက်အဝန်း အတူတကွ ရင်ဆိုင်ရန် လိုအပ်ရာ တရုတ်-အမေရိကန် နှစ်နိုင်ငံအနေဖြင့်လည်း ပါဝင်သင့်သည့် အခန်းကဏ္ဍမှ ပါဝင်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ယခုကာလများတွင် နှစ်နိုင်ငံအကြား အရေးကြီး တွေ့ဆုံဆွေးနွေး ဖလှယ်မှုများ ပြုလုပ်ခဲ့ရာ နှစ်နိုင်ငံ နယ်ပယ်အသီးသီးနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုမှုကို ရရှိခဲ့ကြောင်း၊ ၎င်းမှာ တရုတ်-အမေရိကန် ဆက်ဆံရေး ထိုးကျနေမှုကို ရပ်တန့်အောင်နှင့် ပြန်လည် တည်ငြိမ်အောင် ဆောင်ရွက်သည့် မှန်ကန်သော လုပ်ဆောင်မှုဖြစ်ပြီး နှစ်နိုင်ငံ၊ ကမ္ဘာ့ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီမှု ရှိသည်ကို အပြည့်အဝ ပြသခြင်း ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ဘာလီကျွန်း အရေးကြီးသဘောတူညီချက်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး အမှန်တကယ် တည်ငြိမ်အောင်၊ ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ကာ နှစ်နိုင်ငံ၏အကျိုး၊ ကမ္ဘာ၏အကျိုးကို ဆောင်ကြဉ်းရမည် ဖြစ်ပါကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Chuck Schumer နှင့်အဖွဲ့က အမေရိကန်နိုင်ငံ၏ သက်ဆိုင်ရာ သဘောထားအမြင်များကို မိတ်ဆက်ပြောကြားခဲ့ရာတွင် ပွင့်လင်းမှု၊ အပြန်အလှန် လေးစားမှု စိတ်ဓါတ်ဖြင့် တရုတ်နိုင်ငံနှင့်အတူ ထိတွေ့ ၊ ဆွေးနွေးမှုများ တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ၊ တာဝန်ယူမှုရှိစွာ ကွဲလွဲမှုများကို စီမံထိန်းချုပ်ပြီး ပဋိပက္ခများကို ရှောင်ရှားသွားလိုကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကွင်းဆက်ဖြတ်တောက်ရန် ကြိုးပမ်းမည် မဟုတ်ကြောင်း ၊ အမေရိကန်-တရုတ် ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် အမေရိကန်နိုင်ငံအတွက် အကျိုးရှိသလို ကမ္ဘာအတွက်လည်း အကျိုးရှိကြောင်း၊ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုက အကျိုးများစွာ ဖြစ်ထွန်းစေရာ ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက ထိုင်ဝမ်၊ ယူကရိန်း၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ စသည့် ကိစ္စရပ်များအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ပြောကြားခဲ့သည်။ (Xinhua)
#China #FM #US #တရုတ် #နိုင်ငံခြားရေးဝန်ကြီး #အမေရိကန်
————————–
王毅会见美国国会参议院多数党领袖舒默一行
新华社北京10月9日电10月9日,中共中央政治局委员、外交部长王毅在北京会见美国国会参议院多数党领袖舒默率领的美国国会参议院两党代表团。
王毅欢迎舒默一行来华开展面对面交流,希望议员们更准确了解中国,更客观看待中国,也更理性管控双方存在分歧,为中美关系重回健康发展轨道发挥建设性作用。
王毅表示,当今世界处于动荡变革期,乌克兰危机战火未停,中东地区硝烟又起,阿富汗地震夺去数千民众生命。这些挑战需要国际社会共同应对,中美也要发挥应有作用。双方近期开展了一系列重要对话交流,得到两国各界和国际社会普遍欢迎。这充分说明推动中美关系止跌企稳是正确之举,符合两国和世界共同利益。双方要切实落实好两国元首巴厘岛会晤重要共识,争取中美关系真正稳下来、好起来,造福两国,惠及世界。
舒默等介绍了美方有关看法,表示愿本着坦诚和相互尊重精神同中方加强接触对话,负责任管控分歧,避免冲突。美国不寻求同中国脱钩,美中关系稳定发展对美国有利,对世界有利。双方的对话十分有益,希望继续下去。
王毅有针对性地阐述了中方在台湾以及乌克兰、巴以冲突等问题上的立场。
1. 10月9日,中共中央政治局委员、外交部长王毅在北京会见美国国会参议院多数党领袖舒默率领的美国国会参议院两党代表团。