China
၁၃၉ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲ ပထမအဆင့်သို့ လာရောက်သည့် ပြည်ပမှဝယ်ယူသူ ကုန်သည်ပမာဏ ယခင်အကြိမ်ပြပွဲများထက် စံချိန်သစ်တင်
ကွမ်ကျိုး၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
၁၃၉ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ပထမအဆင့် အော့ဖ်လိုင်းပြပွဲသည် ဧပြီ ၁၉ ရက်တွင် ကျင်းပပြီးစီးခဲ့သည်။ ဧပြီ ၁၉ ရက် ညနေ ၅ နာရီအထိ အဆိုပါပြပွဲသို့ နိုင်ငံနှင့်ဒေသပေါင်း ၂၁၆ ခုမှ ပြည်ပဝယ်ယူသူ ၁၆၇,၀၀၀ ဦး လာရောက်ခဲ့ရာ ယခင်အကြိမ်ကာလတူပြပွဲထက် ၅.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ပြပွဲတက်ရောက်သူလူဦးရေသည် ယမန်အကြိမ်ထက်သာလွန်ကာ တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်ရေး၏ ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်နှင့် ရှင်သန်စွမ်းအားကို အပြည့်အဝဖော်ပြနေကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးစင်တာမှ သိရသည်။
၁၃၉ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲ ပထမအဆင့် အော့ဖ်လိုင်းပြပွဲသည် “ခေတ်မီထုတ်လုပ်မှု” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ပြခန်းအရေအတွက် ၂၅,၀၀၀ ကျော်ရှိပြီး ပါဝင်ပြသသည့် လုပ်ငန်းကုမ္ပဏီပေါင်း ၁၂,၀၀၀ ကျော်ရှိသည်။ ပါဝင်ပြသသည့် လုပ်ငန်းကုမ္ပဏီ သုံးပုံတစ်ပုံကျော်သည် ထုတ်ကုန်ရောင်းချမှုမှသည် “ထုတ်ကုန်+ဝန်ဆောင်မှု” တင်ပို့ခြင်းအဖြစ် အသွင်ကူးပြောင်းလျက်ရှိပြီး စနစ်တကျဖြေရှင်းမှုနည်းလမ်းအား ပံ့ပိုးသူဖြစ်လာလျက်ရှိသည်။
ယခုအကြိမ် ကွမ်ကျိုးကုန်စည်ပြပွဲကို အဆင့်သုံးဆင့်ခွဲ၍ အော့ဖ်လိုင်းပြပွဲအဖြစ် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ကျင်းပလျက်ရှိရာ မေလ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ၎င်းအနက် ဒုတိယအဆင့် အော့ဖ်လိုင်းပြပွဲသည် “အရည်အသွေးရှိသော လူနေမှုဘဝ” ခေါင်းစဉ်ဖြင့် ဧပြီ ၂၃ ရက်မှ ဧပြီ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ ၅ ရက်ကြာပြပွဲအတွင်း ဆောက်လုပ်ရေးပစ္စည်းနှင့် အိမ်ထောင်ပရိဘောဂ၊ မိသားစုသုံးပစ္စည်း၊ လက်ဆောင်ပစ္စည်းနှင့် အလှဆင်ပစ္စည်း စသည့်အကြောင်းအရာများကို တစ်စုတစ်စည်းတည်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————–
(Chinese Version)
第139届广交会第一期到会境外采购商数量创历届新高
新华社广州4月19日电(记者丁乐)第139届广交会第一期线下展于19日结束。记者从中国对外贸易中心了解到,截至19日17时,共有来自216个国家和地区的16.7万名境外采购商到会,比上届同期增长5.9%,到会人数超往届水平,充分展现我国外贸的韧性和活力。
第139届广交会第一期线下展以“先进制造”为主题,展位数量超2.5万个,参展企业超1.2万家。超三分之一的参展企业正在从卖产品向出口“产品+服务”转型,成为系统解决方案的提供者。
本届广交会共分三期线下展在广州举办,持续到5月5日。其中第二期线下展以“品质家居”为主题,将于4月23日至27日举行,五天的展期里将集中展出建材及家具、家庭用品、礼品及装饰品等题材。(完)
图说:这是4月19日拍摄的广交会现场。新华社记者 卢汉欣 摄
