Connect with us

Asia

လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတ Thongloun က တရုတ်-လာအို ရထားလမ်းအား ချီးကျူးကြောင်း အလေးအနက်ပြောကြား

လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတ Thongloun (ဘယ်-၂) က "လန်ချန်း”ကျည်ဆန်ရထားစီးနင်းနေသည်ကို ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတ Thongloun နှင့် လာအိုအစိုးရကိုယ်စားလှယ်အဖွဲ့တို့က တရုတ်-လာအို ရထားလမ်း ၏ “လန်ချန်း”ကျည်ဆန်ရထားကို ဖေဖော်ဝါရီ ၇ ရက်နှင့် ၉ ရက်တို့တွင် နှစ်ကြိမ်တိုင်တိုင်စီးနင်းခဲ့ကြောင်း၊ တရုတ်-လာအို ရထားလမ်း၏ လုပ်ငန်းအစီရင်ခံစာကို ကြားနာခဲ့ပြီး တရုတ်-လာအို ရထားလမ်း စတင်ဖွင့်လှစ်ချိန်မှစ၍ လုပ်ငန်းကဏ္ဍအသီးသီးတွင် ရရှိသောအောင်မြင်မှုများကို ချီးကျူးကြောင်း အလေးအနက် ပြောကြားခဲ့သည်။

လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတ Thongloun (ညာ) က “လန်ချန်း”ကျည်ဆန်ရထားစီးနင်းနေသည်ကို ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတ Thongloun (ဘယ်-၃)က”လန်ချန်း” ဗီယန်ကျင်းဘူတာသို့ သွားရောက်လေ့လာနေသည်ကို ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သမ္မတ Thongloun (ဘယ်-၄) က ဗီယင်ကျန်းဘူတာ၏ စောင့်ဆိုင်းခန်းမကို လေ့လာကြည့်ရှုနေသည်ကို ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၇ ရက်တွင် Thongloun သည် မြို့တော် ဗီယင်ကျန်းမှ ဘိုဒင်သို့ ကျည်ဆန်ရထားဖြင့် လိုက်ပါခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်တွင် လွမ်ပရာယန်းမှ ဗီယင်ကျန်းသို့ ပြန်လည်ထွက်ခွာခဲ့သည်။ ဗီယင်ကျန်းဘူတာ၏အတွင်းပိုင်း ပြင်ဆင်မှုနှင့် အဆောက်အဦအခင်းအကျင်းကို လေ့လာကြည့်ရှုခဲ့သည်။ ကျည်ဆန်ရထားစီးနင်းပြီးနောက် Thongloun သည် ရထားမောင်းသူ အခန်းအပိုင်းသို့ သွားရောက်၍ ရထားလမ်းတစ်လျှောက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး စခန်းများ ဖွင့်လှစ်ခြင်းဆိုင်ရာ အစီရင်ခံချက်နှင့် ပြင်ပလုံခြုံရေး အခြေအနေများကို ကြားနာကာ မီးရထား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း၊ Thongloun သည် “လန်ချန်း” ကျည်ဆန်ရထားစီးနင်းမှုကို အလွန်ကျေနပ်အားရပါကြောင်း ရထားစီးနင်းရာတွင် သက်တောင့်သက်သာရှိမှု၊ တည်ငြိမ်မှုနှင့် ဘေးကင်းမှုတို့ကို ချီးကျူးပြောဆိုခဲ့ပြီး တရုတ်-လာအို ရထားလမ်းစတင်ဖွင့်လှစ်ချိန်မှစ၍ ရရှိသော အောင်မြင်မှုရလဒ်များကို အပြုသဘောဆောင် ချီးကျူးအသိအမှတ်ပြုခဲ့သည်။

တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲခြင်းသည် နှစ်နိုင်ငံပြည်သူများအကြားဆက်ဆံမှု ပိုမိုအဆင်ပြေစေရန် ဖော်ဆောင်နေကြောင်းThongloun ကပြောကြားခဲ့ပါသည်။ လာအိုပြည်သူများက တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲခြင်းကို အလွန်ဂုဏ်ယူကြပြီး လာအိုပြည်သူများ ရထားစီးနင်းကာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ပူးပေါင်းတည်ဆောက်ရေးအဆိုပြုချက်၏ အရေးကြီးသော အနက်အဓိပ္ပါယ်ကို နားလည်ခံစားနိုင်ရန်မျှော်လင့်ကြောင်း ၊ “လမ်းရှိမှ ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းရှိမယ်” ဟုဆိုကာ လာအိုနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရာတွင် တရုတ်-လာအို ရထားလမ်း၏ အရေးကြီးတဲ့ အခန်းကဏ္ဍကို အပြည့်အဝ အသိအမှတ်ပြုပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်အထိ တရုတ်-လာအို ရထားလမ်းတွင် စုစုပေါင်းခရီးသည်တင် ရထားတွဲ ၁၁၆ တွဲ ပြေးဆွဲခဲ့ပြီး ခရီးသည်ပေါင်း ၁၀၈,၇၇၀ ဦး၊ နေ့စဉ် ပျမ်းမျှ ခရီးသည် ၁,၆၉၉ ဦးနှင့် တစ်ရက်အတွင်း အများဆုံး ခရီးသည် ၂,၈၀၄ ဦးပို့ဆောင်ခဲ့ကြောင်းနှင့် ကုန်စည်ပို့ဆောင်ရေး ရထားတွဲ ၁၂၄ ဒသမ ၅ တွဲ၊ စုစုပေါင်း ကုန်စည်ပို့ဆောင်မှု ပမာဏ ၁၃၃,၁၉၁ တန်၊ နေ့စဉ် ပျမ်းမျှ ကုန်စည်ပို့ဆောင်မှုပမာဏ ၂,၀၈၁ တန် ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
(国际)老挝人革党中央总书记、国家主席通伦高度评价中老铁路
新华社万象2月10日电(记者章建华)老挝人民革命党中央总书记、国家主席通伦及政府代表团7日和9日两次添乘中老铁路“澜沧号”动车组,听取中老铁路工作汇报,高度评价中老铁路开通以来各项工作取得的成绩。
7日,通伦乘坐动车从首都万象前往磨丁,9日他又乘车从琅勃拉邦返回万象。在万象站,通伦参观了车站内部装饰和设施布局。乘车后,通伦前往动车司机室参观,听取沿线客货运站开站和外部安全情况汇报,并就铁路安保事项作出指示。通伦非常满意乘坐“澜沧号”动车的感受,高度评价乘坐动车的舒适、平稳和安全,充分肯定中老铁路开通两个月以来运营工作取得的积极成果。
通伦表示,中老铁路的开通意味着两国人民交往更加便捷。自从有了中老铁路,老挝百姓感到非常自豪,希望老挝人民都能坐上火车,真正体会到共建“一带一路”倡议的重要意义。他还引用老挝俗语说“有路,就有发展机会”,充分肯定中老铁路对促进老挝发展的重要作用。
截至2月5日,中老铁路老挝段共开行客运列车116对,发送旅客108770人次,平均每天发送旅客1699人次,最高日发送旅客2804人次;开行货物列车124.5对,累计货物发送量133191吨,平均每天发送2081吨。(完)
图说 1- 2月7日,老挝人民革命党中央总书记、国家主席通伦(左二)乘坐中老铁路“澜沧号”动车组。 新华社发(李欢摄)
图说 2- 2月7日,老挝人民革命党中央总书记、国家主席通伦(右)乘坐中老铁路“澜沧号”动车组。 新华社发(李欢摄)
图说 3- 2月7日,老挝人民革命党中央总书记、国家主席通伦(前排左三)视察中老铁路万象站。 新华社发(李欢摄 )
图说4- 2月7日,老挝人民革命党中央总书记、国家主席通伦(左四)视察中老铁路万象站候车大厅。新华社发(李欢摄)