Connect with us

CHINA

တရုတ်ပြည်မကြီးမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ဟောင်ကောင်၏ ကပ်ရောဂါတိုက်ဖျက်ရေး ရပ်ရွာအခြေပြုနေရာများသို့ သွားရောက်လေ့လာ

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ကပ်ရောဂါတိုက်ဖျက်ရေးရပ်ရွာအခြေပြုနေရာများသို့ မတ် ၅ ရက်တွင် သွားရောက်လေ့လာစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ မတ် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်ရှင် လက်အောက်ရှိ COVID-19 ကပ်ရောဂါတုန့်ပြန်ရေး ကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင် Liang Wannian ဦးဆောင်သော တရုတ်နိုင်ငံပြည်မကြီးမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ဟောင်ကောင်၏ ကပ်ရောဂါတိုက်ဖျက်ရေး ရပ်ရွာအခြေပြုနေရာများသို့သွားရောက်ကာ ပြည်တွင်းကူးစက်မှုများ စမ်းသပ်ခြင်း ၊ သီးခြားခွဲနေရာများထားရှိခြင်း နှင့် ကုသခြင်း ဆိုင်ရာများကို လေ့လာမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ကပ်ရောဂါတိုက်ဖျက်ရေးရပ်ရွာအခြေပြုနေရာများသို့ မတ် ၅ ရက်တွင် သွားရောက်လေ့လာစဉ်(ဆင်ဟွာ)

၎င်းတို့သွားရောက်လေ့လာခဲ့သော နေရာများတွင် To Kwa Wan အားကစားစင်တာ နှင့် Tsing Yi တွင် တရုတ်နိုင်ငံပြည်မကြီး အကူအညီနှင့်အတူ အချိန်တစ်ပတ်အတွင်း အပြီးတည်ဆောက်ကာ မတ်လ ၁ ရက်တွင် လူနာများအားစတင်လက်ခံကုသပေးခဲ့သည့် ရပ်ရွာအခြေပြုသီးခြားခွဲကုသရေးနေရာ(CIF)တို့ရှိ ရပ်ရွာအခြေပြု ရောဂါ စမ်းသပ်စစ်ဆေးရေးနေရာများလည်း ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံပြည်မကြီးမှ ဟောင်ကောင်သို့ စေလွှတ်ထားသော ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များသည် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရအဖွဲ့၏ ကပ်ရောဂါနှင့်စပ်လျဉ်း၍ ” စောစောဖော်ထုတ် ၊ စောစောခွဲထား ၊ စောစောကုသ” လုပ်ဆောင်ချက်များကို အားဖြည့်ကူညီပေးလျက်ရှိကြောင်း ရပ်ရွာအခြေပြုနေရာများသို့ Liang နှင့်အတူ အဖော်ပြုလိုက်ပါသွားရောက်ခဲ့သည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ အစားအစာနှင့်ကျန်းမာရေးဌာန အတွင်းဝန် Sophia Chan က ဆိုသည်။
ဟောင်ကောင်တွင် ပြီးခဲ့သော စနေနေ့က COVID-19 ရောဂါ လူနာသစ် ၃၇,၅၂၉ ဦး နှင့်အတူ သေဆုံးလူနာ ၁၅၀ ဦး ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စနေနေ့တွင်ပြောကြားရာ၌ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရသည် ကပ်ရောဂါတိုက်ဖျက်ရေးကို အဓိကတာဝန်တစ်ရပ်အနေဖြင့် အခိုင်အမာလုပ်ဆောင်လျက်ရှိပြီး အစိုးရဌာနအသီးသီးအနေဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံးကပ်ရောဂါပြန့်နှံ့မှုအား ထိန်းချုပ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။(Xinhua)

………………………………

(English Version)

Mainland health experts visit Hong Kong’s anti-epidemic community facilities
HONG KONG, March 6 (Xinhua) — A team of mainland health experts led by Liang Wannian, head of the COVID-19 response expert panel under China’s National Health Commission, on Saturday visited Hong Kong’s anti-epidemic facilities in communities to learn about local testing, isolation, and treatment.
Their stops included a community testing center at To Kwa Wan Sports Center and a community isolation facility (CIF) in Tsing Yi, which started admitting COVID-19 patients on March 1 after being built in one week with support from the mainland.
The mainland health experts sent to Hong Kong so far have helped the Hong Kong Special Administrative Region (HKSAR) government strengthen the measures of “early detection, early isolation and early treatment,” said Secretary for Food and Health of the HKSAR government Sophia Chan, who accompanied Liang on Saturday’s visit
The HKSAR reported 37,529 new COVID-19 cases and 150 deaths on Saturday, official data showed.
A spokesperson for the HKSAR government on Saturday said the HKSAR government will firmly assume the main responsibility to fight the epidemic, and its various bureaux and departments will pull together to tame and control the outbreak as soon as possible.
Photo(1) Mainland health experts visit Hong Kong’s anti-epidemic facilities in communities on March 5, 2022. (Information Services Department of the Government of the HKSAR/Handout via Xinhua)
Photo(2) Mainland health experts visit Hong Kong’s anti-epidemic facilities in communities on March 5, 2022. (Information Services Department of the Government of the HKSAR/Handout via Xinhua)