Connect with us

Eastern Europe

အရပ်သားများ အစုပြုံလိုက် သတ်ဖြတ်ခံထားရသော ဘူချာမြို့သို့ ယူကရိန်းသမ္မတသွားရောက် စစ်ဆေး

ရုရှားတပ်ဖွဲ့ဝင်များဆုတ်ခွာသွားပြီဖြစ်သည့် ယူကရိန်းနိုင်ငံ ဘူချာမြို့၌ ဧပြီ ၄ ရက်တွင် ယူကရိန်းသမ္မတဇယ်လန်းစကီးက သတင်းထောက်များအား ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိဗ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

ရုရှားတပ်ဖွဲ့ဝင်များပြန်လည်ရုပ်သိမ်းသွားပြီးနောက် ရာပေါင်းများစွာသော အရပ်သားပြည်သူများ စုပြုံသတ်ဖြတ်ခြင်းခံထားရသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း စွပ်စွဲထားသည့် ကိဗ်မြို့တော်အပြင်ဘက် ဘူချာမြို့ငယ်(Bucha) သို့ ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီးသည် ဧပြီ ၄ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။“ သတင်းသမားတွေ ၊ သတင်းဌာနတွေ ဒီနေရာမှာ ရောက်ရှိနေတာဟာ ကျွန်တော်တို့အတွက် သိပ်ကို အရေးကြီးပါတယ်။ ဒါဟာ အရေးအကြီးဆုံး ကိစ္စရပ်ပါပဲ။ ဒီနေရာမှာဘာတွေဖြစ်ပျက်နေလဲ ၊ ရုရှားစစ်တပ်က ဘာတွေကျူးလွန်ခဲ့လဲ ၊ ငြိမ်းချမ်းတဲ့ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ဘယ်လိုတွေလုပ်လိုက်လဲဆိုတာ ကမ္ဘာကြီးကိုဖော်ထုတ်ပြသပေးနိုင်ဖို့အတွက် ခင်ဗျားတို့(သတင်းသမား/သတင်းဌာနတွေ)ကို ကျွန်တော်တို့ လိုအပ်ပါတယ်” ဟု ဇယ်လန်းစကီးက အခင်းဖြစ်နေရာမှနေ၍ သတင်းထောက်များအားပြောကြားခဲ့သည်။

ရုရှားစစ်တပ်ထံမှ ယူကရိန်းတပ်ဖွဲ့ဝင်များက ပြန်လည်သိမ်းယူခဲ့သော ကိဗ်မြို့မှ ၂၈ ကီလိုမီတာအကွာ၌ တည်ရှိသည့် ဘူချာမြို့တွင် ကလေးသူငယ်များအပါအဝင် အနည်းဆုံးလူပေါင်း ၂၈၀ သေဆုံးနေသည်ကို ဖော်ထုတ် တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ဘူချာမြို့၌ အရပ်သားပြည်သူများ သတ်ဖြတ်ခြင်းခံရသောလုပ်ရပ်မှာ “ စစ်ရာဇဝတ်မှုတစ်ခု” ဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ၏ ကိဗ်ဒေသရှိ ဘူချာမြို့၌ အရပ်သားများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံထားရကြောင်း ယူကရိန်း၏ စွပ်စွဲချက်အပေါ် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၃ ရက်တွင် ငြင်းဆိုပယ်ချခဲ့သည်။

“ ကိဗ်ဒေသ ဘူချာမြို့မှာ ရုရှားတပ်ဖွဲ့ဝင်တွေက အချို့သော “ရာဇဝတ်မှု”ကျူးလွန်ကြောင်း စွပ်စွဲမှုသက်သေပြချက်တွေဖြစ်တဲ့ ကိဗ်(ယူကရိန်းအစိုးရ)က ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံတွေ ၊ ဗီဒီယိုဖိုင်တွေအားလုံးဟာ နောက်ထပ် ရန်စမှုတွေပဲဖြစ်ပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ရုရှားတပ်ဖွဲ့၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေစဉ်ကာလအတွင်း မည်သည့်အကြမ်းဖက်ပဋိပက္ခတစ်ခုတစ်လေကိုတောင် ဒေသခံတစ်ဦးတစ်ယောက်မျှ ကြုံတွေ့ခဲ့စားရဖူးခြင်း မရှိကြောင်း ၎င်းကပြောကြားခဲ့ပြီး “ ရုရှားတပ်ဖွဲ့ဝင်တွေဟာ မတ် ၃၀ ရက်မှာ လုံးဝအပြီးတိုင် တပ်ဆုတ်သွားပြီဖြစ်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

—————————-
(English Version)
Ukrainian president visits site of mass murder of civilians in Bucha
KIEV, April 4 (Xinhua) — Ukrainian President Volodymyr Zelensky on Monday visited the town of Bucha outside Kiev, where hundreds of murdered civilians were allegedly found after Russian forces withdrew, the Ukrinform news agency reported.
“It is very important for us that the press is here, the journalists — this is the most important thing. We really want you to show the world what was happening here, what the Russian forces were doing, what the Russian Federation was doing in peaceful Ukraine,” Zelensky told reporters at the site.
At least 280 people, including children, were found dead in Bucha, some 28 km northwest of Kiev after the Ukrainian army retook control of the town from the Russian military.
Zelensky earlier called the killings of civilians in Bucha a “war crime”.
The Russian Defense Ministry on Sunday refuted Kiev’s accusation of alleged killing of civilians in the settlement of Bucha in Ukraine’s Kiev region.
“All photographs and video materials published by the Kiev regime, allegedly evidencing some kind of ‘crimes’ committed by Russian military personnel in the city of Bucha, Kiev region, are another provocation,” the ministry said in a statement.
It said that during the time the settlement was under control of the Russian forces, not a single local resident suffered from any violent actions, adding that “all Russian units completely withdrew from Bucha on March 30.” Enditem

Photo- Ukrainian President Volodymyr Zelenskyy visits the town of Bucha, after it was liberated from Russian Army, in Bucha, Ukraine on April 04, 2022. Photo: Metin Aktas – Anadolu Agency