Connect with us

Eastern Europe

ပူတင်က ချစ်ကြည်ရင်းနှီးမှုမရှိသည့်နိုင်ငံများမှ နိုင်ငံသားများအတွက် လက်တုံ့ပြန်သော ဗီဇာအစီအမံများဆိုင်ရာ အမိန့်အား လက်မှတ်ရေးထိုး

ရုရှားနိုင်ငံ ကရင်မလင်နန်းတော်၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် သမ္မတပူတင်က Lugansk ပြည်သူ့ သမ္မတ နိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့ သမ္မတ နိုင်ငံ (DPR) တို့ကို အသိအမှတ်ပြုကြောင်း လက်မှတ်ရေးထိုးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ချစ်ကြည်ရင်းနှီးမှုမရှိသည့်နိုင်ငံများမှ နိုင်ငံသားများအတွက် ဗီဇာကန့်သတ်မှုများ လုပ်ဆောင်ရန်စတင်သည့် အမိန့်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး ယင်းမှာ ဥရောပသမဂ္ဂက လုပ်ဆောင်ခဲ့သည့် ရန်လိုသောအစီအမံများအား လက်တုံ့ပြန်သည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါအမိန့်အရ ရုရှားနိုင်ငံသည် နော်ဝေ၊ အိုက်စလန် ၊ ဆွစ်ဇာလန် ၊ လက်ချင်စတိန်း နှင့်အတူ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ၎င်းတို့၏ ရှင်းလင်းလွယ်ကူသောဗီဇာလုပ်ငန်းစဥ် သဘောတူညီချက်များတစ်စိတ်တစ်ပိုင်းကို ဆိုင်းငံ့သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအမိန့်တွင် ရုရှားနိုင်ငံ ၊ ရုရှားနိုင်ငံသားများ သို့မဟုတ် တရားဝင်အဖွဲ့အစည်းများအား ဆန့်ကျင်သည့် ရန်လိုသောလုပ်ရပ်များအား ကျူးလွန်သည့် နိုင်ငံခြားသားများ နှင့် နိုင်ငံမဲ့ပုဂ္ဂိုလ်များအပေါ် တစ်ဦးချင်း ဝင်ရောက်ခွင့်ကန့်သတ်ချက်များ ချမှတ်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို အမိန့်ပေးခဲ့ကြောင်းလည်း ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။ (Xinhua)

————————–
(English Version)
Putin signs decree on retaliatory visa measures for citizens from “unfriendly countries”
MOSCOW, April 4 (Xinhua) — Russian President Vladimir Putin signed a decree introducing visa restrictions for citizens from “unfriendly countries,” a decision made in retaliation to hostile measures taken by the European Union, the Kremlin said Monday.

According to the decree, Russia will partially suspend its simplified visa agreements with EU member countries along with Norway, Iceland, Switzerland and Liechtenstein.

The Kremlin said that the decree also ordered the country’s foreign ministry to impose individual entry restrictions on foreigners and stateless persons who commit hostile acts against Russia, its citizens or legal entities. Enditem
PHOTO – Russian President Vladimir Putin signs documents recognizing “the Donetsk and Lugansk People’s Republics” at the Kremlin in Moscow on Feb. 21, 2022. (Kremlin press release)