ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများနှင့် မသေချာမှုရှိနေသော်ငြားလည်း အားကောင်းသော စီးပွားရေး ကြံ့ကြံ့ခံနိုင်ခြင်းနှင့်အတူ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် မျှော်လင့်ချက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
ဆိုးလ် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၌ ဂျက်တိုက်လေယာဉ်တစ်စင်းပျက်ကျမှုတွင် လေယာဉ်မှူးအား အသက်သေဆုံးလျက် ရှာဖွေတွေ့ရှိကြောင်း Yonhap သတင်းဌာနက ယနေ့ ဇန်နဝါရီ ၁၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
မက္ကဆီကို၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ကလေးငယ်အပါအ၀င် ရွှေ့ ပြောင်းနေထိုင်သူ ခြောက်ဦးသည် သောကြာနေ့တွင်Rio Grande မြစ်ကိုဖြတ်၍ မက္ကဆီကို မှ အမေရိကန်နိုင်ငံဖက်သို့ ခိုလှုံခွင့်တောင်းရန် ကြိုးပမ်းခဲ့ကြသည်။၄င်းဖြစ်စဉ်သည် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် နယ်စပ်တစ်လျှောက်၌ နေ့စဉ်ဖြစ်ပွားနေသည့် ရာနှင့်ချီသောဖြစ်စဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။သို့သော် စက်တင်ဘာလတွင် ဟေတီနိုင်ငံမှ တက္ကဆက်ပြည်နယ် ဒယ်လ်ရီယိုသို့...
နန်နင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ (Wang Yi) သည် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး မင်းသား Faisal bin Farhan Al Saud နှင့် ၂၀၂၂ ခုနှစ်၊ ဇန်ဝါရီ ၁၀ ရက်တွင် တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ Wuxi...
ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) လစ်သူယေးနီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကို ဆန့်ကျင်သောအင်အားစုများ၏ လက်ကိုင်တုတ်အဖြစ် မပြုမူရန်နှင့် အမေရိကန်နိုင်ငံအနေဖြင့်လည်း “ထိုင်ဝမ်ကတ်” ဖြင့် ကစားခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံက တောင်းဆိုလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်းက ဇန်နဝါရီ၁၀ရက်၌ ပြောကြားခဲ့သည်။
ဂျလာလာဘတ် ၊ အာဖဂန်နစ္စတန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ် Lal Pur ခရိုင်၌ ဇန်နဝါရီ ၁၀ ရက်တွင် စာသင်ကျောင်းတစ်ကျောင်း၏ ပြင်ပ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ ကျောင်းသား ၄ ဦး သေဆုံးကာ အခြားသူ ၁၀...
ဂျီနီဗာ ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နှင့် ရုရှားနိုင်ငံအကြား လုံခြုံရေးဆွေးနွေးပွဲအသစ်တစ်ခုသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက မည်သည့် သံတမန်ရေးရာ သဘောတူညီမှု ရလဒ်တစ်စုံတစ်ရာ မရဘဲ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရက ပေးအပ်လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းအား မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် နယ်စပ်မြို့(၅)မြို့သို့ ဇန်နဝါရီ ၁၂ ရက်တွင် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကော်စီဝင် နှင့် နိုင်ငံခြာရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ဇန်နဝါရီ ၁၁ ရက်တွင် နှစ်နိုင်ငံဆက်ဆံရေး နှင့် ကာဇက်စတန်နိုင်ငံဆိုင်ရာ အခြေအနေတို့အပေါ် တယ်လီဖုန်းပြောဆိုဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မနီလာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၀ ရက်ထုတ်ပြန်ချက်များအရ ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၃၃,၁၆၉ ဦး ရှိရာ ပိုးတွေ့ရှိမှု ၄၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ယင်းကိန်းဂဏန်း ၂ ခုလုံးသည် ဖိလစ်ပိုင်တွင် ကပ်ရောဂါဖြစ်ပွားပြီးနောက် အမြင့်ဆုံးစံချိန်ဖြစ်သည်။