Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် တစ်ရက်အတွင်း ထပ်တိုးသည့် ကိုဗစ်လူနာဦးရေ စံချိန်သစ်တင် မြင့်တက်ခဲ့

မနီလာ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၀ ရက်ထုတ်ပြန်ချက်များအရ ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၃၃,၁၆၉ ဦး ရှိရာ ပိုးတွေ့ရှိမှု ၄၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ယင်းကိန်းဂဏန်း ၂ ခုလုံးသည် ဖိလစ်ပိုင်တွင် ကပ်ရောဂါဖြစ်ပွားပြီးနောက် အမြင့်ဆုံးစံချိန်ဖြစ်သည်။
ကိန်းဂဏန်းအချက်အလက်များအရ ဖိလစ်ပိုင်တွင် ယင်းနေ့က ကိုဗစ်ကြောင့် ထပ်တိုးသေဆုံးသူ ၁၄၅ ဦး ရှိ သည်ဟု သိရသည်။ ဇန်နဝါရီ ၁၀ ရက်အထိ စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ ၂.၉၉၈ သန်း၊ သေဆုံးသူ ၅၂,၂၉၃ ဦး ရှိပြီဖြစ်သည်။

ဒယ်လ်တာနှင့် အိုမီခရွန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ် နှစ်မျိုး ဖိလစ်ပိုင်တွင် ဆက်လက်ပြန့်ပွားနေမှုများကြောင့် ယခုကာလများတွင် ကပ်ရောဂါအခြေအနေ လျင်မြန်စွာ တစ်ကျော့ပြန် မြင့်တက်လာခြင်း ဖြစ်သည်။ အသစ်ထပ်တိုးအတည်ပြုလူနာများက အဓိကအားဖြင့် မြို့တော် မနီလာ တစ်ဝိုက်တွင် စုစည်းနေခြင်းကြောင့် ကျန်းမာရေးစနစ် ဝန်ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ယခုကာလများတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန် လိုအပ်ချက်များ တိုးလာခြင်းကြောင်း၊ သို့သော် ဆေးဝန်ထမ်းနှင့်ဓါတ်ခွဲခန်းဝန်ထမ်းအများအပြား နေထိုင်မကောင်းခြင်းကြောင့် အိမ်တွင် သို့မဟုတ် ရောဂါကာကွယ်ရေးသတ်မှတ်ချက်များအရ ကွာရန်တင်းဝင်နေရကြောင်း၊ လူအင်အားမလုံလောက်မှုများကြောင့် ဆေးစစ်ချက် ထွက်လာဖို့ နှောင့်နှေးမှုများရှိကြောင်း ကိုဗစ်ကပ်ရောဂါ တုန့်ပြန်မှုဆိုင်ရာ ဒုတိယအထွေထွေညှိနှိုင်းရေးမှူး Vince Dizonက ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တားဆီးရန်အတွက် ဖိလစ်ပိုင်အစိုးရက ယခုလ ၃ ရက်မှစပြီး မနီလာဒေသနှင့်အနီးတစ်ဝိုက်ပြည်နယ်များ၏ ကိုဗစ်ကပ်ရောဂါ သတိပေးချက်ကို အဆင့် ၃ ထိ တိုးမြှင့်ထားပြီး ယင်းဒေသများတွင် လူစုလူဝေးပွဲကြီးများ ကျင်းပမှုကို ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။ (Xinhua)

———————————————–
(Chinese Version)

(国际疫情)菲律宾单日新增新冠确诊病例数创新高
2022-01-10 21:23:15

新华社马尼拉1月10日电(记者闫洁 刘锴)菲律宾卫生部10日报告新增新冠确诊病例33169例,新冠检测阳性率达到46%,这两项数据均创下该国疫情暴发以来最高值。

数据还显示,菲律宾当天新增新冠死亡病例145例。截至10日,该国累计确诊病例超过299.8万例,累计死亡病例达52293例。
随着德尔塔毒株和奥密克戎毒株在菲持续传播,菲律宾疫情近期再次快速反弹,新增确诊病例主要集中在首都马尼拉地区,导致医疗系统承受不小压力。

菲政府应对新冠疫情副总协调人文斯•迪松10日说,该国民众近期对新冠病毒检测的需求骤增,但由于不少医护人员和实验室工作人员因生病在家或按防疫要求居家隔离,人手短缺,检测结果出来的时间有所滞后。

为遏制新冠病毒传播,菲律宾政府自本月3日起把马尼拉地区和周边省份的新冠疫情警戒级别提升至三级,暂停这些地区举办大型集会等。(完)

图说1:1月10日,在菲律宾奎松城,医务人员上门为一名女子提供新冠病毒检测服务。新华社发(乌马利摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.