ပေကျင်း ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်-ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း လုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်း နှင့် ပင်လယ်ပြင်၌ လုံခြုံရေးခြိမ်းခြောက်မှုများကို တန်ပြန်ရန် နှစ်ဘက်လုံး၏ စွမ်းရည်ကို မြှင့်တင်ပေးကြောင်း တရုတ်တပ်မတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
ရီယက်ဒ်၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်သည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယီမင်နိုင်ငံ အလယ်ပိုင်း Maribပြည်နယ်၌ လေကြောင်းစစ်ဆင်ရေးလှုပ်ရှားမှုတွင် ဟူတီလက်နက်ကိုင် အနည်းဆုံး ၉၅ ဦးအား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ဆော်ဒီအာရေဗျဦးဆောင်သည့် နိုင်ငံပေါင်းစုံညွန့်ပေါင်းတပ်က အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ခါတွန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ စစ်ဦးစီးချုပ် Abdel Fattah Al-Burhan က နိုင်ငံ ၆ နိုင်ငံမှ ဆူဒန်သံအမတ်များအား တာဝန်မှ ရပ်စဲကြောင်း ဆုံးဖြတ်ချက်တစ်ရပ်ကို အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံပိုင် ဆူဒန် TV က...
ရှန်ဟိုင်း ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကိုယ်တိုင်ကိုယ်ကျ(offline) ပုံစံဖြင့် ကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပို့ကုန်ပြပွဲ(CIIE) သို့ ကမ္ဘာ့နိုင်ငံ နှင့် ဒေသပေါင်း ၁၂၇ ခုမှ စီးပွားရေးကုမ္ပဏီပေါင်း ၃,၀၀၀ နီးပါး...
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် အီတလီနိုင်ငံ ဝန်ကြီးချုပ်Mario Draghi ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် G20 ခေါင်းဆောင်များ၏ ၁၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ပေကျင်းမြို့မှ ဗွီဒီယိုလင့်ခ်ဖြင့် တက်ရောက်မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန...
ဟနွိုင်း၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ကာလရှည်ဖြစ်ပွားခဲ့သည့် COVID-19 ကပ်ဘေးကြောင့် လူမှုရေးနှင့်စီးပွားရေးထိခိုက်မှုများရှိနေသည့်ကြားမှာပင် တရုတ်နိုင်ငံသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့သည်။ လက်ရှိတွင်တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံများအား COVID-19 ကာကွယ်ဆေး အကြိမ်ရေ သန်း ၃၀၀ ကျော်ကို ထောက်ပံ့ပေးပြီး ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များ အပါအဝင် အရေးပေါ် ဆေးဝါးအထောက်အပံ့ပစ္စည်းများစွာကို...
အစ္စတန်ဘူလ်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တူရကီနိုင်ငံက နိုင်ငံအရှေ့ပိုင်းနှင့်တောင်ပိုင်း နယ်နိမိတ်တလျှောက် နိုင်ငံပိုင်နက်သို့တရားမဝင် ဝင်ရောက်နေထိုင်သူများကို တားဆီးရန် ကီလိုမီတာ ၁,၀၀၅ အရှည်ရှိသည့် နယ်ခြားနံရံကိုတည်ဆောက် ခဲ့ကြောင်း နိုင်ငံပိုင် Anadolu သတင်းဌာနက အောက်တိုဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။ တူရကီနိုင်ငံ၏ နယ်နိမိတ် ၃၄...
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး/ပြည်နယ် ၉ခုမှ မြို့နယ် (၄၆)မြို့နယ်မှ အပ ကျန်မြို့နယ်များမှ အခြေခံပညာကျောင်းများ(ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာကျောင်းမျာယအပါအဝင်) နိုဝင်ဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ယနေ့ အောက်တိုဘာ ၂၈ ရက် ညထုတ်ပြန်သောသတင်းအရ သိရသည်။
ဒါကာ ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆောက်လုပ်ရေးအဖွဲ့အစည်းတစ်ခုက တည်ဆောက်ပေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းရှိ Payra တံတားကြီးကို အောက်တိုဘာ ၂၄ ရက်က တရားဝင်ဖွင့်လှစ်ကာ စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါတံတားကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ဖွင့်လှစ်ပေးခဲ့ပြီး ယင်းတံတားသည် ဒါကာမြို့တော်၏...
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန်သည် အောက်တိုဘာ ၂၇ ရက် ညနေပိုင်းက ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်တွင် ၂၄ ကြိမ်မြောက် အာဆီယံ+ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အာဆီယံနိုင်ငံ ခေါင်းဆောင်များနှင့်အတူ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်း...