ပြုံယမ်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ သည် ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည် (SLBM) အမျိုးအစားသစ်ကို အောက်တိုဘာ ၁၉ ရက်က အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း Korean Central သတင်းဌာနက အောက်တိုဘာ ၂၀ ရက်တွင်ဖော်ပြခဲ့သည်။
ဂျကာတာ ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ အောက်တိုဘာ ၁၆ ရက်က ၄ ဒသမ ၈ နှင့် ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်များ လှုပ်ခတ်ခဲ့ခြင်းကြောင့် ဘာလီအပန်းဖြေကျွန်းရှိ လူနေအိမ် ၁,၈၆၂ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအေဂျင်စီ(BNPB)က...
ဘဂ္ဂဒတ် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ၏ ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးတွင် တွန်းအားပေးရန် တရုတ်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ်ကို အီရတ်နိုင်ငံက ကြာသပတေးနေ့တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
ကျန်းကျိုး၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဒုတိယ အရှည်ဆုံးမြစ်ကြီးတစ်စင်းဖြစ်သည့် မြစ်ဝါမြစ်ပေါ်တွင်တည်ဆောက်ထားသော ရှောင်လန်တီရေလှောင်တမံသည် ရေလွှမ်းမိုးသည့်ကာလအတွင်း ရေပိုများစွန့်ထုတ်မှုပြုလုပ်ခဲ့သည်။ ပြီးခဲ့သော စက်တင်ဘာ ၂၇ ရက်နေ့ကတည်းက အဆက်မပြတ်မိုးရွာသွန်းမှုများကြောင့် မြစ်ဝါမြစ်တွင် ရေလွှမ်းမိုးမှု ၃ ကြိမ်ကြုံတွေ့ခဲ့ရသည်။ ရေလှောင်တမံ ၏ရေအမှတ်မှာ ရေလှောင်တမံကို စတင်တည်ဆောက်ပြီးကတည်း က...
တီဟီရန်၊အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသည် နိုင်ငံမြောက်ပိုင်းSemnan ပြည်နယ်၌ ဗုဒ္ဓဟူးနေ့က ပြုလုပ်သော လေကြောင်းရန်ကာကွယ်ရေးလေ့ကျင့်မှုအတွင်း ခေတ်မီ ပြည်တွင်းဖြစ် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ထည့်သွင်း စမ်းသပ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာ IRNA က သတင်းထုတ်ပြန်သည်။ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) အပါအဝင်အီရန်နိုင်ငံစစ်တပ်မှ တပ်ဖွဲ့ဝင်များက အင်္ဂါနေ့တွင် “နိုင်ငံ၏ဝေဟင်ပိုင်နက်အားခုခံကာကွယ်သူများ၏ လေ့ကျင့်မှု၁၄၀၀”ဟု...
ကူမင်း၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမှ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းသို့ ချိတ်ဆက်ထားသော အရှည် ၁,၀၀၀ ကီလိုမီတာရှိ ရထားလမ်းသည် အင်္ဂါနေ့က နောက်ဆုံး ရထားသံလမ်းပိုင်း ခင်းကျင်းနိုင်ခြင်းနှင့်အတူ ရထားလမ်းချိတ်ဆက်မှု ပြီးစီးခဲ့ကြောင်း သိရသည်။
ထိုက်ယွမ် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အောက်တိုဘာ ၁၄ ရက် ပေကျင်းစံတော်ချိန် ည ၆ နာရီ ၅၁ မိနစ်အချိန်တွင် ပထမဆုံး နေစကြဝဠာ စူးစမ်းလေ့လာရေးဂြိုဟ်တုကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက် ၂၇၅၈ ကိုဆန့်ကျင်ကာ ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP) အာဏာပိုင်များ၏ ထပ်ဖန်တလဲလဲ ပုံဖျက်ပြောဆိုမှုများနှင့်ဝေဖန်မှုများကို တရုတ်ပြည်မအစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၁၄ ရက်တွင် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။
ယူနန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် သက်ရှိသက်မဲ့ ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝသည့်ပြည်နယ်တစ်ခုဖြစ်ရာ ကမ္ဘာ့ဥယျာဉ်တစ်ခုသဖွယ်တင်စားခေါ်ဝေါ်နိုင်ပေသည်။ ပြီးခဲ့သည့်တနင်္လာနေ့က ယူနန်ပြည်နယ် ကူမင်းမြို့၌ ကုလသမဂ္ဂဇီဝမျိုးကွဲဆိုင်ရာ အရေးပါသည့် ထိပ်သီးအစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပြီး ကမ္ဘာကြီးပေါ်တွင် သက်ရှိများအားလုံးအတွက် အတူမျှဝေနိုင်သည့် အနာဂတ်တစ်ခု တည်ဆောက်ဖော်ဆောင်ရန် နိုင်ငံများအားလုံး ဘုံ သဘောတူညီချက်ကိုရှာဖွေမည့် စင်္ကြံတစ်ခုကို...
အန်ကာရာ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရုရှားနှင့် အမေရိကန်တို့သည် ကာ့ဒ်ပြည်သူကာကွယ်ရေးတပ် (YPG) စစ်သွေးကြွများအား ထိန်းချုပ်၍ ဆီးရီးယားမြောက်ပိုင်း နယ်စပ်နှင့်ဝေးရာသို့ ပို့ဆောင်မည်ပေးမည်ဟူသော ၎င်းတို့၏ ကတိအား ပျက်ကွက်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၃ ရက်တွင် စွပ်စွဲလိုက်သည်။