မနီလာ ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ လက်ဝှေ့အကျော်အမော် နှင့် ဆီးနိုတ်အမတ် မင်နီပက်ကွီအိုသည် လာမည့် ၂၀၂၂ ခုနှစ် မေလ၌ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ၎င်း၏ သမ္မတလောင်း အမည်စာရင်းတင်သွင်းမှုကို ယနေ့အောက်တိုဘာ ၁ ရက် (သောကြာနေ့) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်စကို၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေဆိုးဝါးလာရာ ယခုရက်သတ္တပတ် ၂ ပတ်အတွင်း ကိုဗစ်လူနာ ဦးရေ ၂၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ရုရှားဝန်ကြီးချုပ် မစ်ရှုစတင်က စက်တင်ဘာ ၃၀ ရက် ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နျူကလီးယားရေငုပ်သင်္ဘောနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ ၊ ဗြိတိန်နိုင်ငံ နှင့် ဩစတြေးလျနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအား ပြတ်ပြတ်သားသားဆန့်ကျင်ကန့်ကွက်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပြုံယမ်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် စက်တင်ဘာ ၃၀ ရက်က အသစ်တီထွင်ထုတ်လုပ်ထားသော လေယာဉ်ပစ်ဒုံးကျည်တစ်မျိုးကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ယနေ့အောက်တိုဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။
ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီသည် စက်တင်ဘာ ၃၀ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ၇၂ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ဂုဏ်ပြု ဧည့်ခံပွဲ အခမ်းအနားတစ်ခုကို ကျင်းပခဲ့သည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ကျင်းပမည့် ၄ကြိမ်မြောက်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ တွင်ပြသမည့် ပထမဆုံးပြိုင်ကားတစ်စင်းရှန်ဟိုင်းမြို့သို့ရောက်ရှိလာပြီဖြစ်ကြောင်းသိရသည်။ ယူရို ၇၀,၀၀၀ တန်ကြေးရှိအဆိုပါပြိုင်ကားမှာ Michelin မှ ထုတ်လုပ်ထားပြီး ဟိုက်ဒရိုဂျင်စွမ်းအင်အသုံးပြုမောင်းနှင်နိုင်မည်ဖြစ်သည်။ ၄ကြိမ်မြောက်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ ကို လာမည့်နိုဝင်ဘာလတွင်တရုတ်နိုင်ငံ၌ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua) ……………………… (English Version) GLOBALink |...
နယူးဒေလီ၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဂ်ဟာလာယာပြည်နယ်တွင် စက်တင်ဘာ ၃၀ ရက်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြစ်ထဲပြုတ်ကျသဖြင့် လူ ၆ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကွမ်ကျိုး၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လေတပ် သည် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် တောင်ပိုင်း ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ကျူးဟိုင်မြို့တွင် ပြီးခဲ့သည့် အင်္ဂါနေ့က ဖွင့်လှစ်ခဲ့သည့် ၁၃ ကြိမ်မြောက် တရုတ်နိုင်ငံတကာ လေကြောင်းနှင့် အာကာသပြပွဲ (သို့) တရုတ်လေကြောင်းပြပွဲ ၂၀၂၁ ၌စစ်တပ်သုံးလေယာဉ်သစ်များအား မိတ်ဆက်ပြသခဲ့သည်။...