ဒက်ရှန်ဘီ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahianတို့ စက်တင်ဘာ ၁၆ ရက်တွင် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကတိပြုခဲ့ကြသည်။
မော်စကို ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့များသည် ခေတ်မီ နောက်ဆုံးပေါ် S-500 Prometheus လေကြောင်းရန် ကာကွယ်ရေးစနစ်အား စတင်လက်ခံရရှိနေပြီ ဖြစ်ကြောင်း ရုရုားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Yury Borisov က စက်တင်ဘာ ၁၆ ရက်တွင် ပြုလုပ်သော ဖိုရမ်တစ်ခု၌ ပြောကြားခဲ့သည်။
နိုင်ရိုဘီ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) အာကာသစခန်းတည်ဆောက်ရန်အတွက် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ပထမဆုံး ပို့လွှတ်ခဲ့သော တရုတ် အာကာသယာဉ်မှူး ၃ ဦးသည် ၎င်းတို့၏ သုံးလတာမစ်ရှင်ပြီးဆုံးကာ စက်တင်ဘာ ၁၇ ရက်က ကမ္ဘာသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ချုံချင့်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်က ဗီယက်နမ်နိုင်ငံနှင့် အဝေးပြေးလမ်းအခြေပြု နယ်စပ်ဖြတ်ကျော်ကုန်တင်လမ်းကြောင်းအသစ်အား စတင်လိုက်ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ဒူရှန်ဘီ ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ် ၊ ရုရှား ၊ ပါကစ္စတန် နှင့် အီရန်နိုင်ငံတို့မှ အဆင့်မြင့်တာဝန်ရှိသူများသည် အာဖဂန်အရေးနှင့်ပတ်သက်၍ ဆက်သွယ်ရေး နှင့် ညှိနှိုင်းဆောင်ရွက်မှုများ မြှင့်တင်ရန် စက်တင်ဘာ ၁၆ ရက်တွင် သဘောတူခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဩဂုတ်လကုန်အထိ 5G အခြေစိုက်စခန်းအရေအတွက် ၄၅,၇၀၀ အထိ ရှိလာပြီဖြစ်ကြောင်းနှင့် 5G အသုံးပြုသူ အရေအတွက်မှာလည်း ၁၂ သန်းကျော်ရှိကြောင်း ဒေသဆိုင်ရာကွန်ဖရင့်၌ စက်တင်ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။
ဘေရွတ် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) လက်ဘနွန်နိုင်ငံသည် နိုင်ငံအတွင်း စွမ်းအင်ပြတ်လပ်မှု လျော့ပါးစေရေး ရည်ရွယ်သော လှုပ်ရှားမှုတစ်ခုအဖြစ် အီရန်နိုင်ငံမှ လောင်စာဆီများ သယ်ဆောင်လာသည့် ဆီတင်ယာဉ်များကို စက်တင်ဘာ ၁၆ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ဒေသတွင်း al-Manar ရုပ်သံလိုင်း၏ ထုတ်လွှင့်မှုအရ သိရသည်။
နန်ဟိုင်၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) Tianzhou-3 ကုန်တင်အာကာသယာဉ်နှင့်ဒုံးပျံ အတွဲလိုက်ကို စက်တင်ဘာ ၁၆ ရက်က လွှတ်တင်မည့်နေရာသို့ ဒေါင်လိုက်ရွှေ့ပြောင်းခဲ့ရာ ယခုရက်ပိုင်း အလျဉ်းသင့်သည့်အချိန်တွင် လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က အမေရိကန်နိုင်ငံ ကက်ပီတိုလွှတ်တော်၌ လူသေဆုံးသည်အထိ အဓိကရုဏ်းဖြစ်ပွားပြီးနောက် ယင်းဖြစ်စဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ထောက်ခံအားပေးသည့်အနေဖြင့် စက်တင်ဘာ ၁၈ ရက် (စနေနေ့)တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ လက်ယာယိမ်းဆန္ဒပြပွဲသို့ ထောက်ခံသူ ရာပေါင်းများစွာ...