Connect with us

Local

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ယနေ့မှစ၍ နေ့စဉ် ရွှေပိသာ ၂၀ ရောင်းချပေးလျက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက ယနေ့မှစ၍ နေ့စဉ် ရွှေပိသာ ၂၀ ရောင်းချပေးလျက်ရှိကြောင်း၊ ရွှေဈေးနှုန်းတည်ငြိမ်ရေး အတွက်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် က ယနေ့ စက်တင်ဘာ ၃၀ ရက်တွင် ဆင်ဟွာသို့ပြောသည်။
“ဒီနေ့ကစပြီး ရွှေပိသာ ၂၀ ရောင်းချပေးတာပါ။ ဒီနေ့ဆိုရင်အသင်းမှာ ရွှေပိသာ ၂၀ ရောင်းပေးဖို့ ပထမ မတည်ပေးတဲ့ ရွှေဆိုင်ကြီး ၄ ဆိုင်အပြင် တခြားရွှေဆိုင်တွေကလည်း ရွှေတွေလာရောင်းပေးကြတော့ ဒီနေ့ ရွှေပိသာ ၂၀ ကျော်ရောင်းပေးဖြစ်ပါတယ်’’ ဟု ဦးမျိုးမြင့်ကပြောသည်။

အများစုက ရွှေများ ဝယ်ယူနေကြသည့်အတွက် ရွှေဈေးနှုန်းတည်ငြိမ်စေရန် ယခုကဲ့သို့ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ “နောက်တစ်ချက်က ရွှေဈေးတက်တာတို့၊ ဒေါ်လာဈေးတက်တာတို့ကို မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အများကြီးထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေပါတယ်’’ ဟု၎င်းကဆက်ပြောသည်။

လက်ရှိတွင် ရွှေဈေးသည် အကျဘက်သို့ဦးတည်လျက်ရှိပြီး စက်တင်ဘာ ၂၈ ရက်တွင် ရွှေတစ်ကျပ်သားလျှင် ၂,၂၁၃,၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ရာမှာ စက်တင်ဘာ ၃၀ ရက်တွင် တစ်ကျပ်သား ကျပ်သိန်း၂,၀၂၀,၀၀၀ အထိ ၂ ရက်အတွင်း ကျပ် ၁၉၃,၀၀၀ ဈေးပြုတ်ကျခဲ့သည်။

“ကမ္ဘာ့ရွှေဈေးလည်း ဈေးနည်းနည်းကျတယ်။ ပြင်ပမှာဒေါ်လာဈေးလည်းကျတယ်။ ရွှေဝယ်ယူသလောက်လည်း ရောင်းပေးနိုင်တဲ့အတွက် ဈေးပြန်ကျတာပါ။ ရွှေဈေးကဆက်ကျဦးမှာပါ’’ ဟု ဦးမျိုးမြင့်ကဆက်ပြောသည်။
ယနေ့စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၁,၇၃၃ ဒေါ်လာ၊ မြန်မာ့ရွှေဈေးတစ်ကျပ်သားလျှင် ကျပ်သိန်း ၂,၀၂၀,၀၀၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117