အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Gujranwala ခရိုင်တွင် ဩဂုတ် ၈ ရက်ညပိုင်းတွင် ခရီးသည်တင်ဗန်ကား၏ ဂတ်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၉ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်းမီဒီယာတွင် ဖော်ပြခဲ့သည်။
ကဘူးလ်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) တာလီဘန်စစ်သွေးကြွများသည် ဩဂုတ် ၈ ရက်က တစ်ရက်တာ အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း တက်ခ်ဟာပြည်နယ် မြို့တော် Taluqan အား စီးနင်းဝင်ရောက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဝူဟန် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့၌ နောက်ဆုံး COVID-19 ရောဂါ ပြန်လည်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ငါးရက်အတွင်း အားလုံးပါဝင်သည့် nucleic acid စစ်ဆေးခြင်း အဆင့် ပြီးဆုံးခဲ့ပြီ ဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဩဂုတ် ၈ ရက်တွင်...
ကဘူးလ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) မြို့ရွာအများအပြားတွင် လမ်းပေါ်တိုက်ပွဲများ နှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ပြည်နယ် နှစ်ခုတွင် ပြီးခဲ့သော စနေနေ့က တစ်ရက်တည်း အနည်းဆုံး သေဆုံးသူ ၁၁ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၆၄ ဦး ထိ...
ကွာလာလမ်ပူ ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) မလေးရှားနိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် ဩဂုတ် ၈ ရက်က တစ်ရက်တည်း ၃၆၀ ဦးဖြင့် အမြင့်ဆုံးစံချိန်တင် အရေအတွက် ရှိခဲ့ပြီး ယခုအခါ သေဆုံးသူ စုစုပေါင်း ၁၀,၇၄၉ ဦး ထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ...
ပေကျင်း ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) Microsoft မိုက်ခရိုဆော့ဖ်ကုမ္ပဏီတည်ထောင်သူ ဘီလ်ဂိတ်က အငြင်းပွားဖွယ်ရာ ကိုရိုနာဗိုင်းရပ်စ်မူလဇစ်မြစ်ရှာဖွေဖော်ထုတ်မှုသည် လူသားများ၏ အသက်ကိုကယ်တင်ရန် တစ်ခုတည်း အရေးပါသော လုပ်ဆောင်ချက်အဖြစ် တိုက်ရိုက်ဆက်နွယ်မှုမရှိကြောင်း ပြောကြားခဲ့သည်ဟု The Australian သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ကူမင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ လှည့်လည်သွားလာနေကြသော အာရှတောဆင်ရိုင်းအုပ်သည် ၎င်းတို့၏ မူလနေရာသို့ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တိုင်ပိုင်း Quettaမြို့တွင် ဩဂုတ် ၈ ရက် ညပိုင်းက ရဲကားတစ်စီးဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး အခြား ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဆေးရုံတာဝန်ရှိသူ နှင့် ရဲအရာရှိများ၏ ပြောကြားချက်အရ သိရသည်။
ကွမ်ကျိုး၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုန်းပြည်နယ် ရှိ ကမ်းရိုးတန်းဒေသတွင် ယခုနှစ်၏ ၉ လုံးမြောက်တိုင်ဖွန်းမုန်တိုင်း Lupit တိုက်ခတ်မှုကြောင့်ပြီးခဲ့သည့်ကြာသပတေးနေ့ နံနက်က မြေပြိုမှုများဖြစ်ပွားခဲ့သည်။ မြေပြိုကျမှုမဖြစ်မီဒေသခံပေါင်း ၃၃,၀၀၀ ကျော်အား ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီခန့်တွင် ဘေးလွတ်ရာသို့နေရာရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ တိုင်ဖွန်းမုန်တိုင်းမှာ Nan’ao စီရင်စု...
ကွမ်ရှီး၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) အရှေ့တိုင်းမှ အနောက်တိုင်းသို့ ကုန်စည်သယ်ပို့သည့်ရထားခရီးစဉ်၏ ဘေးပုပင်လယ်ကွေ့ဆိပ်ကမ်း-ချိန်တူး- ပိုလန်- ဂျာမနီ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Qinzhou ဆိပ်ကမ်း အရှေ့ဘက်မှ ကုန်စည်များတင်ဆောင်ထားသော ရထားမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် စတင်ထွက်ခွါသွားသည်။